အနုပညာအလုပ်တွေ မအားတဲ့ကြားက ဝတ်မှုန်ရွှေရည်တစ်ယောက် သူငယ်ချင်းတွေနဲ့ အတူတူ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်.
Photo: ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်က သူငယ်ချင်းတွေနဲ့ အတူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ဓမ္မပူဇာတရားပွဲမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်. ဒီ အလှူ နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အတွက်လည်း ဆုတောင်း မေတ္တာပို့သခဲ့တယ်လို့ သူကပြောပါတယ်.
'' မနေ့က သူငယ်ချင်းများ နှင့်အတူပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ဓမ္မပူဇာတရားပွဲ အလှူ ၊စတုဒီသာ ကျွေးမွေးမှူ အလှူကို ဇမ္ဗူသီရိဗိမ္မာန်တော် မှာ ပြုလုပ်ခဲ့ပါတယ်။ှှှှှှှှှှှှှှှကုသိုလ်ကောင်းမှု အစုစုတို့ကို ပရိတ်သတ်များ ကစ်ကို ချစ်သောသူ မုန်းသောသူ အားလုံးကို မေတ္တာပို့ ဆုတောင်းပေးပါတယ်နော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.
Photo: ဝတ်မှုန်ရွှေရည်
သရုပ်ဆောင်အကယ်ဒမီဝတ်မှုန်ရွှေရည်ဟာ သြဂုတ်လ ၁၀ ရက်နေ့ကအသက် ၃၀ ပြည့်မွေးနေ့ အလှူအဖြစ် မှော်ဘီမြို့နယ် အောင်ဇမ္ဗူ တောရ ရိပ်သာမှာလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းရင်းနဲ့ နေ့ဆွမ်းအလှူအဖြစ် ဒန်ပေါက်ဆွမ်း ဆပ်ကပ် ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ မှာတော့ အလှူအတန်းတွေနဲ့သာ ဖြတ်သန်းသွားမယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
''ကစ်က ဒီနေ့ သံင်္ဃာတော်တွေကို သင်္ကန်းကပ်တယ်။ ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံမှာလည်း ၁၀ သိန်း လှူခဲ့တယ်။ ပြီးတော့ ရေဘေး အတွက် လည်း ၁၀ သိန်းလှူခဲ့တယ်။ ဒီနှစ်မွေးနေ့လေးကို ဘုန်းဘုန်းရဲ့ တရားတွေနဲ့ ဖြတ်သန်းချင်တယ်၊ ကိုယ်တတ်နိုင်သလောက် လေးတွေ လှူချင်တယ် '' လို့ ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။
အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်ဟာ လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်. သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်. အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်.