မယ်လိုဒီက သရုပ်ဆောင် ရတနာပုံအပါအဝင် သူချစ်ရတဲ့ သူငယ်ချင်းတွေကို လွမ်းလို့နေပါတယ်။ တစ်ချိန်က အတူတူဖြတ်သန်းခဲ့ကြတဲ့ ဘဝအကြောင်းလေးတွေကိုလည်း ရင်ဖွင့်ခဲ့ပါသေးတယ်။
Photo: Ebote
မယ်လိုဒီက တစ်ချိန်က ငယ်သူငယ်ချင်းတွေနဲ့ အတူတူဖြတ်သန်းခဲ့ရတဲ့ သူမရဲ့ ဘဝအကြောင်းလေးတွေကို တမ်းတလွမ်းမောရင်း ပြန်လည်ပြောပြလာပါတယ်။ ကောင်းလည်းအတူတူ ဆိုးလည်း အတူတူ သူငယ်ချင်းတွေရှိခဲ့တယ်လို့ ရင်ဖွင့့်ထားတာပါ။
‘’ဘဝမှာ သိသိရင်းနဲ့ဆိုးခဲ့တာ မှားခဲ့တာတွေရှိပေခဲ့ပေမယ့် ဖြူစင်တဲ့ စိတ်ရင်းကလေးနဲ့တော့ ကောင်းတာလေးတွေကိုမြတ်နိုးစွာ လုပ်ခဲ့ကြပါတယ်(သူငယ်ချင်းများနှင့်)။ ကောလာဟလ လောကသဘာဝကိုမခံနိုင်လို့ တချို့လူတွေနဲ့ဝေးကွာခဲ့ပေမယ့် တချို့သူတွေနဲ့နှလုံးသားခြင်း ပိုနီးလာခဲ့တယ် အရာရာ ပြောင်းလဲတတ်ပေမယ့် သူငယ်ချင်းအချစ်ကတော့ အမြဲတည်မြဲနေတာပါဘဲ’’လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: မယ်လိုဒီဖေ့စ်ဘွတ်
အဲဒီနောက် မယ်လိုဒီက သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ရတနာပုံအပါအဝင် တခြားသူငယ်ချင်းတွေနဲ့ အတူ ပရဟိတလေးတွေ လုပ်ဖြစ်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကိုလည်း ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။ ဒီလို အချိန်လေးတွေလို ပြန်ဆုံချင်ပါသးတယ်လို့ ဆိုပါတယ်။
‘’မျိုးရဲ့ဆိုးခြင်းတွေ သည်းခံပြီး ကောင်းတာလေးတွေရွေးပြီး ချီးကျူးအားပေးတတ်တဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ပရဟိတရော ကျန်တာလေးတွေပါ အရင်လို သူငယ်ချင်းတွေနဲ့ အချိန်ကုန်ချင်သေးပါတယ် (ကလေးတော့ပါလာမှာပေါ့နော်) အတူတူပြုခဲ့ဖူးတဲ့ ကုသိုလ်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။
Photo: မယ်လိုဒီဖေ့စ်ဘွတ်
မယ်လိုဒီဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ သူချစ်ရတဲ့ ခင်ပွန်းကတော့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပါ။
Photo: မယ်လိုဒီဖေ့စ်ဘွတ်
သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့သားလေး သိဒ္ဓိစစ်တို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။