သူမခံယူထားတဲ့ အချစ်ရေးအကြောင်းပြောပြလာပါတယ်။

မိုးစက်ဝိုင် ရဲ့ အချစ်ရေးကတော့ သတင်းတွေ မကြားရသလောက်ကို တည်ငြိမ်လွန်းပါတယ်။ ဒါပေမယ့်လည်း သူငယ်ချင်းဖြစ်သူ ထွန်းကိုကို ရဲ့ အချစ်ရေးအတွက် သူမဖြစ်စေချင်တဲ့ဆန္ဒတွေ ပြောပြလာပါတယ်။

မိုးစက်ဝိုင်က ထွန်းကိုကိုရဲ့ နှလုံးသားရေးရာအပေါ် သူငယ်ချင်းတစ်ယောက်အနေနဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ဘက် နဲ့ တွေ့ရဖို့ကိုလည်း ဆုတောင်းတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။



‘’ ကိုထွန်းကိုကို ဆိုရင် အနေအေးတယ်။ သူတွေ့ရှိမယ့် ကောင်မလေးကလည်း သူ့အပေါ်မှာ အရမ်းကောင်းပြီးတော့ သူပရဟိတအလုပ်တွေ လုပ်တဲ့အခါမှာလည်း ဝိုင်းပြီးလုပ်ပေးနိုင်မယ့် ပါရမီဖြည့်ဘက် ပေါ့နော်။ အဓိက ကတော့ သူအရမ်းချစ်ရတဲ့သူကို တွေ့ရဖို့ ဆုတောင်းပေးပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Tun Ko Ko Fb

အဲဒီနောက် အချစ်ရေးသတင်းတွေ အရမ်းတည်ငြိမ်တတ်တဲ့ မိုးစက်ဝိုင်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံယူချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ အချစ်ဆိုတာကို မိုးစက်အနေနဲ့ သမီးရည်းစားအချစ်လို့ မခံယူထားဘူး။ သူငယ်ချင်းအချစ်တွေလည်း ဖြစ်နိုင်တယ်၊ မောင်နှမအချစ်တွေလည်းဖြစ်နိုင်တယ်၊ ပြီးတော့ ကိုယ့်မိဘတွေလည်း ရှိနေတော့ ဒါတွေကိုလည်း ကိုယ်ချစ်ပေးရဦးမယ်ဆိုတဲ့ ခံယူချက်တစ်ခုရှိပါတယ်’’ လို့ ဇန်နဝါရီလ ၁၆ ရက်နေ့က ထွန်းကိုကို မွေးနေ့မှာ ဖြေဆိုခဲ့တာပါ။



Photo: Tun Ko Ko Fb

မကြာခင်မှာ ချစ်သူများနေ့ ရောက်တော့မှာ ဖြစ်လို့လည်း သမီးရည်းစား စုံတွဲလေးတွေ၊ အိမ်ထောင်သည်တွေ အတွက် မိုးစက်ဝိုင်က အမှာစကား လက်ဆောင်ပါးခဲ့ပါသေးတယ်။

‘’ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါ။ ကိုယ်ချစ်တဲ့ သူတွေထဲမှာ မိဘ၊ မောင်နှမ၊ သူငယ်ချင်း အကုန်လုံးပါ ပါတယ်။ ယောကျ်ားလေးတွေကိုပြောချင်တာကတော့ ဗယ်လင်တိုင်းနေ့မှာ ချစ်သူကိုပျော်အောင်ထား တာထက် နေ့စဉ်နေ့တိုင်း ပျော်အောင်ထားဖို့လိုပါတယ်။ အိမ်ထောင်သည်ဆိုရင်လည်း အမျိုးသားက အမျိုးသမီးကို နေ့တိုင်းပျော်အောင်ထားဖို့လိုပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Moe Sett Wine Fb

မိုးစက်ဝိုင်က လက်ရှိမှာ ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ နောက်ထပ်လည်း သူမရဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခုဖြစ်တဲ့ MoeZY အလှကုန်ပစ္စည်းထုတ်လုပ်ရေးမှာလည်း ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က