ဇန်နဝါရီလ ၁၅ ရက်နေ့ သွားတွေ့မှာပါတဲ့။

နေမင်းဟာ သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်ကို သွားရောက်တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ မိုးအောင်ရင်က လက်ရှိမှာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတို့ကြောင့် အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။

 

Photo: Ye Naung

နေမင်းက သူငယ်ချင်းမိုးအောင်ရင်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။ နေမင်းနဲ့ မိုးအောင်ရင်တို့ဟာ ဗီဒီယိုဇာတ်ကား တော်တော်များများမှာလည်း အတွဲညီညီပါဝင် သရုပ်ဆောင် ခဲ့ကြပါတယ်။ သူတို့နှစ်ဦးက အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တယ်လို့ သိရပါတယ်။


''အင်းစိန်ထောင်သို့ ၁၅. ရက်နေ့ (အဂါၤနေ့ ) နံနက် ၈:၃၀ နာရီတွင်သွား တွေ့ရမည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့်သာ'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ် တစ်ဦးက Comment ကနေတဆင့် ''မိုးအောင်ရင်ကိုလား? ပြောပြပေးပါ ကျန်းမာပါစေလို့ဆုတောင်းပေးတယ်လို့'' မေးမြန်းခဲ့ရာမှာတော့ နေမင်းက ''ဟုတ်'' လို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

Photo: နေမင်း

နေမင်းက လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပြီး နယ် ဖျော်ဖြေရေး ခရီးစဉ်မှာလည်း သီချင်းတွေ သီဆို ဖျော်ဖြေရတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် သူ့ကို ပရိသတ်တွေ ဆုချတဲ့ ငွေတွေနဲ့ အလှူအတန်း လုပ်ခဲ့သေးတယ်လို့ ပြောပြထားတာတွေ့ရပါတယ်။

'' ညက ပရိသတ်တွေ ဆုချတဲ့ငွေရယ်၊ ကျွန်တော့်အလှူငွေရယ် ပေါင်းကာ နေမင်း နဲ့ ဒေးစွန်ပါမှပရိသတ်များကောင်းမှုဟု နောင်ဘဝရေစက်ပြန်လည်ဆုံစည်းနိုင်ရန် ရည်စိတ်သန်၍လှူဒါန်းသမှုပြုခဲ့ပါ၏'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

Photo: မိုးအောင်ရင်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ပုဇွန်တောင်တရားရုံးကနေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတွေအတွက် အလုပ် နဲ့ ထောင်ဒဏ် ၅နှစ်ကျခံဖို့ အမိန့်ချထားတာဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျခံရမှာဖြစ်ပါတယ်။ မိုးအောင်ရင် ဟာ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ၁၅၊ ၁၆ (ဂ) နဲ့ ၁၉ (က) တို့နဲ့ မြို့နယ်နဲ့ ခရိုင်တရားရုံးတို့မှာ တစ်ပြိုင်တည်း တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: နေမင်း

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က