စိုင်းစိုင်းခမ်းလှိုင်က သူငယ်ချင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ အသက်ငယ်တာ၊ ကြီးတာ ထည့်တွက်စရာမလိုတဲ့အကြောင်း ပြောလာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အပေါင်းအသင်းတွေထဲမှာ အသက် ၂၀ အောက်ကနေ ၄၀ ကျော်အထိ သူငယ်ချင်းတွေရှိတယ်လို့ ဆိုပါတယ်။
Photo: Andrew JAMES
စိုင်းစိုင်းက သူနဲ့ အပေါင်းအသင်းအဖြစ် ဆယ်စုနှစ်အကြာ တည်ရှိနေတဲ့ သူငယ်ချင်းတွေ အကြောင်းပြောပြလာပါတယ်။ သူငယ်ချင်း ဖြစ်ဖို့ဆိုတာ အသက်အရွယ်ကို ထည့်တွက်စရာ မလိုဘူးလို့လည်း သူကဆိုပါတယ်။
‘’ သူငယ်ချင်းလုပ်ဖို့ရာ အသက်ထည့်တွက်စရာမလိုပါဘူး။ ကိကိနဲ့စပေါင်းတော့ သူက ၁၁ နှစ် ကျနော်က ၂၃ ကိုရွှေနဲ့စခင်တော့ သူက ၃၅ ကျွန်တော်က ၂၀ ကိုမျိုးကျော့က ကျွန်တော့်ထက် ၈ နှစ်ကြီးပြီး မိုးမိုးက ကျွန်တော့်ထက် ၄ နှစ်ငယ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခုထိခင်မင်နေကြတုန်းပဲ ‘’ ဆိုပြီးတော့ ဧပြီလ ၂၉ ရက်နေ့ညနေ ၂ နာရီ ခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Sai Sai
အဲဒီနောက် ၁၀ စုနှစ်အကျော်ကြာ ဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရ ကိုလည်း စိုင်းစိုင်းက အမှတ်တရ ပြန်လည်ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်တိုင်း ပြန်ချော့ခဲ့ကြတာတွေလည်း ရှိတယ်တဲ့။
‘’လောလောဆယ် ကျွန်တော်ပေါင်းနေတဲ့အဖွဲ့ထဲမှာ အသက် ၂၀အောက်ကနေ ၄၀ ကျော် အထိအရွယ်စုံပါတယ်။ စက်ဘီးတွေစီးခဲ့ကြတယ် လမ်းတွေလျှောက်ခဲ့ကြတယ်။ စကြနောက်ကြစိတ်ဆိုးကြရင်း စာတွေကျက်ခဲ့ကြတယ် စိတ်ကောက်ကြတာရှိတယ် ပြန်ချော့ခဲ့ကြဖူးတယ်။ အိမ်မှာနေနေရင်းနဲ့ပဲ တယ်လီဖုန်းတွေပြောခဲ့ကြတယ် ။ သေချာတာက သူငယ်ချင်းဆိုတာ ဖြစ်လာဖို့ ထည့်ပေါင်းရတဲ့ element တွေထဲမှာ အသက်အရွယ်မပါဘူး’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Sai Sai
စိုင်းစိုင်း (Sai Sai Kham Leng)ဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Sai Sai
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။