နေရာ (၂) နေရာမှာ ပြုလုပ်ခဲ့ကြတာပါ။

ဥူးဇင်းကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) အတွက် မိသားစုဝင်များ နဲ့ တပည့်များက ရက်လည်ဆွမ်းကျွေး အလှူအတန်းတွေ လုပ်ခဲ့ကြပါတယ်။ 

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) အတွက် ရက်လည် အလှူကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နဲ့ ၈ မိုင်ခွဲက ကန်ဦးဇေတဝန်ကျောင်းတိုက် တို့မှာအနုပညာရှင်များနဲ့ မိသားစုဝင်တွေက အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။  ကန်ဦးဇေတဝန်ကျောင်းတိုက် မှာပြုလုပ်တဲ့ အလှူကိုတော့ သရုပ်ဆောင် ခန့်စည်သူ၊ သားညီ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် အိုင်းရစ်လေပြည်ဦး တို့ တက်ရောက်ခဲ့ကြပါတယ်။



ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အလှူမှာတော့ ဦးအောင်ခိုင်က ဦးဆောင်ပြီး ကိုလူချောအဖွဲ့ သားများနဲ့အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ သံဃာတော်များ ပင့်ဆောင်ရင်း ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြပါတယ်။ ဒီ အလှူကိုတော့ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ရဲ့ ညီအရင်းဖြစ်သူ ဦးဇော်ကြီး လည်း ရောက်ရှိလာခဲ့ပါတယ်။ အစ်ကိုဖြစ်သူနဲ့ အမှတ်တရ စကားတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုလို ရုတ်တရက်ကြီး ဆုံးပါးသွားတဲ့ အချိန်မှာ တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် ညီအရင်းတစ်ယောက် အနေနဲ့ တော်တော်ကို နှမြောမိပါတယ်။ ဥူးဇင်း နဲ့ မတွေ့တာ တော်တော်ကို ကြာပါပြီ။ ဥူးဇင်းနဲ့ အမှတ်တရတွေကလည်း ကျွန်တော့်ကို ရုပ်ရှင်ရိုက်ဖို့ စခေါ်တာ သူပါပဲ။ ပြီးတော့ မြန်မာပြည်မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီ ဆိုပြီးတော့ မိတ်ဆက်ပေးခဲ့တာပါ။ ကျွန်တော်လည်း ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရုပ်ရှင် မရိုက်တော့ဘူး ဆိုပြီးတော့ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ဘူး။ တခြား အပြင်အလုပ်တွေ လုပ်တဲ့အချိန်မှာ ကိုကျော်ဟိန်းရဲ့ ညီဖြစ်နေတော့ နေရာတကာမှာ ကိုယ်က နေရာရတယ်” ဆိုပြီးတော့ ဇူလိုင်လ (၁၇) ရက်နေ့ မနက်က အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း)ရဲ့ မိသားစုဝင်တွေနဲ့ တပည့်အနုပညာရှင်များကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းက ကန်ဦးဇေတဝန် ကျောင်းတိုက်မှာ ရက်လည်ဆွမ်းကျွေး အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ 

ဒီအလှူကို တက်ရောက်လာတဲ့ ခန့်စည်သူကတော့ ဆရာဖြစ်တဲ့ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) အတွက် အခုလို ဆုတောင်းစကား ပြောထားပါသေးတယ်။ 

“ လူ့ဘဝမှာလည်း ပရိသတ်တွေအပေါ် အနုပညာနှင့်ကျေးဇူးဆပ်ခဲ့သလို၊ ရဟန်းဘဝမှာလည် း ပရိတ်သတ်တွေအပေါ် တရားနှင့်ကျေးဇူးဆပ်သွားနိုင်ခဲ့တဲ့ ထာဝရကျေးဇူးရှင်ဆရာ။ သိတာတွေကို ရှိအောင်၊ရှိတာတွေကို သိနေအောင် သတိလေးကပ်ပြီး(အသိနှင့်သတိကို)နှလုံးသားထဲမှာထည့်သွင်း၊ ကျင့်ကြံသွားတဲ့လူသားအားလုံးကိုလေးစားပါတယ်ဆိုတဲ့ ကျွန်တော်တို့ အားလုံးရိုသေချစ်ခင်ရပါတဲ့ဦးကျော်....ပြုပြုသမျှကုသိုလ်ကောင်းမှု အလုံးစုံကို မြင့်မြတ်သော ဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေခင်ဗျာ” ဆိုပြီးတော့လည်း ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Khant Si Thu

အနုပညာအလုပ်တွေ ရပ်နားပြီး သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်သွားခဲ့တဲ့ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း) ကတော့ သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ဒီနေ့မနက်က( ဇူလိုင်၁၁ရက်) မှာ ပျံလွန်တော် မူသွားခဲ့တာဖြစ်ပါတယ်။ ဥူးဇင်းရဲ့ သတင်းကို ကြားပြီး အနုပညာအသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြသလို ပရိသတ်တွေလည်း ဝမ်းနည်းလို့ နေကြပါတယ်။ မှတ်မှတ်ရရအဖြစ် သရုပ်ဆောင် ဒွေး ကွယ်လွန်သွားတာ (၁၃) နှစ်ပြည့်တဲ့နေ့မှာပဲ ဥူးဇင်းကိတ္ထိသာရ ပျံလွန်တော် မူခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က