မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါရွာတံတား သံဖြူဇရပ်-မော်လမြိုင် ကားလမ်းမကြီး ရေကျသွားတဲ့အတွက် နေ့လယ် ၁၂ နာရီခန့်မှာ ကားလေးများပြန်လည် ဖြတ်သန်းသွာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
"မနက် ၉ နာရီကျော်လောက်က ရေ ၃ ပေခွဲလောက်ထိတက်တော့ ကားလေးတွေ ပေးမဖြတ်ပါဘူး။ ၁၁ နာရီ ၄၅ မှာတော့ ရေက ၂ ပေခွဲဖြစ်သွားလို့ ကားလေးတွေကို စနစ်တကျပေးဖြတ်တယ်။ ဆိုင်ကယ်တွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေကကူညီပြီး ပေးဖြတ်နေတာပေါ့။ မော်လမြိုင်ဘက်ကို သွားတဲ့ လမ်းကြောကားကို ၁၀ စီးလွှတ် ၊ ပြီးရင် ဒီဘက်က ကားကို ၁၀စီးလွှတ် အဲဒီပုံစံနဲ့သွားနေတယ်။ ခုက မိုးလည်းမရွာတော့ ရေဆက်ကျနိုင်ဖွယ်ရှိတယ်" လို့ အဲ့ဒီနေရာကို ကူညီကယ်ဆယ်ရေးရောက်နေတဲ့ သံဖြူဇရပ်၊ အခမဲ့ အရေးပေါ်လူနာတင်ယာဉ်နာရေးကူညီမှုအသင်းက ဦးကျော်ဝင်းကပြောပါတယ်။
ဓာတ်ပုံ - ဦကျော်ဝင်း
ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မုဒုံမြို့နယ် နှီးပဒေါရွာတံတား သံဖြူဇရပ်-မော်လမြိုင် ကားလမ်းမကြီး မှာ ရေ ၃ ပေခွဲလောက်အထိ တက်ခဲ့တဲ့အတွက် ကားလေးတွေကို ဖြတ်သန်းသွားလာခွင့် မပြုခဲ့တာကြောင့် ကားအစီး ၁၀၀ ကျော်လောက် ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ပိတ်ဆို့နေတဲ့ကားတွေကို လမ်းကြောင်း တစ်ဖက်စီကို တကြိမ် ၁၀ စီးခန့်စီ ပေးလွှတ်တဲ့ ပုံစံနဲ့ ကားတွေပေးဖြတ်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ဦးကျော်ဝင်း
အဲ့ဒီလမ်းပိုင်းမှာ ခရီးသွားပြည်သူတွေကို လမ်းဖြတ်ကူးဖို့ ကူညီဆောင်ရွက်ပေးေနသူပေါင်း အယောက် ၅၀ အထက်ရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ရဲနပ်ဖွဲ့ ၊ပရဟတိ အဖွဲ့တွေ ရောက်ရှိနေပါတယ်။ ဒါ့အပြင်ရေး-သံဖြူဇရပ်လမ်းပိုင်းစခန်းကြီးကျေးရွာ၊ လမ်းမတွေမှာလည်း ရေေကျာ်တဲ့နေရာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရေပြန်ကျသွားတယ်လို့ သိရပါတယ်။
(အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)