We Love လေးတွေရဲ့ အချစ်တွေပါတဲ့။

အလင်းရောင်တစ်ယောက် ရိုက်ကွင်းပေါ်မှာ We Love လေးတွေပေးတဲ့ လက်ဆောင်တွေကြောင့် ဝမ်းသာနေတာကို တွေ့ရပါတယ်။ သူက ‘’စာအုပ်ကြီးရဲ့ စီရင်ချက်’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာပါ။

Photo: အလင်းရောင်



အလင်းရောင်က သူ့ရဲ့ စိတ်ကူးလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ We Love လေးတွေရဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ကြွားလုံးထုတ်ခဲ့ပါသေးတယ်။

‘’စိတ်မရှိနဲ့ ကြွားချင်လို့ မနေ့က Pre Vday အကြို ချောကလက်လာကျွေးကြပါဆိုတော့ ချောကလက်ရော လက်ဆောင်ရော Skin Care Set လိုက်ပါ လာပေးကြ ကျွေးကြတာ။ ချစ်စရာကောင်းတဲ့ We Love လေးတွေ Spore ကနေလဲ ပန်းစည်းက လှမ်းပို့လိုက်သေးတယ်။ အာဘွား’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: အလင်းရောင်

အလင်းရောင်က အခုလက်ရှိမှာ ဒါရိုက်တာစတီးလ် ရိုက်ကူးတဲ့ ‘’စာအုပ်ကြီးရဲ့ စီရင်ချက်’’ ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အလင်းရောင်နဲ့ အတူ တိုင်ရွန်၊ စိုးပြည့်သဇင်နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အလင်းရောင်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Photo: အလင်းရောင်

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က