ပျော်နေတာလေးက ချစ်စရာလေး။

Valentine’s Day နေ့မှာ ချစ်တဲ့သူတွေပေးတဲ့ လက်ဆောင်ကြောင့် စိုးပြည့်သဇင်တစ်ယောက် ပျော်လို့နေပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေက အများကြီးပါပဲ။

Photo : စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်က Valentine’s Day မှာ ချစ်တဲ့သူလေးတွေရဲ့ Surprise ကြောင့် ပျော်လို့နေပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေက လက်ဆောင်ပစ္စည်းတွေအများကြီးနဲ့ Surprise လုပ်ခဲ့တာပါ။

“မနေ့ကအလုပ်ပြီးလို့ညတော်တော်ညဉ့်နက်မှအိမ်ပြန်ရောက်တယ်.....ချစ်တဲ့သူလေးတွေက..Vday လက်ဆောင်လေးတွေ အိမ်မှာ Surprise လာပို့ထားကြတယ်.တကယ်ဆိုweloveတွေနဲ့ Vday မှာဆုံချင်ပေမဲ့ ဒီနေ့မှာစိုးပြည့်က ခရီးထွက်ရတယ် စိုးပြည့်မအားလို့ ချစ်တဲ့သူတွေကိုအချိန်မပေးနိုင်ပေမယ့် သူတို့တွေကတော့ ကိုယ်ပျော်အောင် ကိုယ့်အပြုံး ကိုမြင်ရအောင်အမြဲကြိုး စားပေးတယ် အမြဲနားလည်ပေးတယ် အဲ့ဒါကိုပိုကျေးဇူးတင်ပါတယ် စိုးပြည့်ကိုချစ်ပေးတဲ့အနယ်နယ်အရပ်ရပ်က..ချစ်တဲ့fansလေးတွေကိုအရမ်းကျေးဇူးတင်ပါတယ်နော်.....We loveတွေရဲ့အချစ်ကြောင့်အမြဲပျော်ရပါတယ် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင်

အဲ့ဒီနောက် စိုးပြည့်သဇင်က ပရိသတ်တွေပေးတဲ့ လက်ဆောင်ပစ္စည်းနဲ့ ဓာတ်ပုံလေးတွေ ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါသေးတယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေက အများကြီးပါပဲ။ စိုးပြည့်သဇင်က ပြီးတော့သော ရက်ပိုင်းလောက်ကမှ "စာအုပ်ကြီးရဲ့စီရင်ချက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးခဲ့တာပါ။ အနုပညာအလုပ်တွေ လုပ်ရင်း ကိုယ်ပိုင် စီးပွားရေး ဖြစ်တဲ့ "မင်းသမီးပိုးထည်တိုက်"မှာ လည်း အမတွေနဲ့အတူ အားရင်အားသလို ဈေးဝင်ရောင်းပေးနေတာ တွေ့ရပါတယ်။

Photo : စိုးပြည့်သဇင်

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်သဇင် (Soe Pyae Thazin )ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။ သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူတစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က