ကွင်းလယ်ဒိုင်ကလည်း ပွဲကို ဆက်ကစားစေခဲ့တာပါ။

မန်ချက်စတာစီးတီးနည်းပြဂွါဒီီယိုလာနဲ့ ၎င်းရဲ့နည်းပြအဖွဲ့ဝင်တွေဟာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယမန်နေ့ည ပွဲစဉ်မှာ ဘာကြောင့် ပင်နယ်တီမရရှိခဲ့တာလဲဆိုတဲ့ VAR ရဲ့ဖြေရှင်းချက်ကို ဒေါသထွက်ခဲ့ကြတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းယူနိုင်မီ သရေကျနေချိန်မှာ ဘာနာဒိုဆေးလ်ဗား ပေးပို့လိုက်တဲ့ဘောလုံးဟာ ပင်နယ်တီဧရိယာအတွင်းက အလက်ဇန္ဒားအာနိုးလ်ရဲ့ လက်နဲ့ထိသွားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ပင်နယ်တီပေးဖို့ အခိုင်အမာတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ၎င်းကိုင်တွယ်ခဲ့တဲ့ပွဲစဉ်တိုင်းမှာ ပြုလုပ်နေကျအတိုင်း အငြင်းပွားဖွယ် ပွဲကို ဆက်ကစားစေခဲ့ပြီး ၂၂ စက္ကန့်အကြာမှာပဲ ဖေဘင်ဟိုက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က နောက်ပိုင်းမှာ မန်ချက်စတာစီးတီး ပင်နယ်တီပြစ်ဒဏ်ဘောမရခဲ့တာဟာ အလက်ဇန္ဒားအာနိုးလ်ရဲ့လက်ဟာ ပုံမှန်မဟုတ်တဲ့ အနေအထားမှာ မရှိနေခဲ့တာကြောင့်ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာနဲ့ ၎င်းရဲ့နည်းပြအဖွဲ့ဝင်တွေဟာ ယင်းရှင်းလင်းချက်ကို မကျေမနပ်ဖြစ်ပြီး ဒေါသထွက်ခဲ့ကြတယ်လို့ Sky Sports က ဂျော့ဖ်ရှရိဗ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပက်နဲ့ သူ့နည်းပြအဖွဲ့ဝင်အကုန်လုံးက ပထမပိုင်းမှာ ကျွန်တော်တို့ကို ဝိုင်းပြီး ဘာကြောင့်် ပင်နယ်တီမပေးရတာလဲလို့ ပြောခဲ့ကြပါတယ်”

“ကျွန်တော်တို့ သူတို့ကို စတော့ကလေပါ့ခ်ကနေ ရှင်းလင်းချက်ပေးခဲ့ပြီး သူတို့တွေ စိတ်ဝင်စားမှုမရှိတာက အခြေအနေကို လျှော့ပေါ့တွက်ချက်တာလို့ပဲ ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က