+ ၈ ဂိုးအထိ အကျိုးရှိနေခဲ့တာပါ။

ဒီရာသီပရီးမီးယားလိဂ်မှာ VAR ကနေ အကျိုးအမြတ်အများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်နေခဲ့တယ်လို့ ESPN က အချက်အလက်၊ မှတ်တမ်းတွေနဲ့ ဖော်ပြသွားခဲ့ပါတယ်။ 


အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ VAR ကြောင့် ကယ်လ်ဗက်လီဝင်ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့ရတဲ့အတွက် ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ VAR ကနေ အကျိုးအမြတ်အများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်နေခဲ့တယ်လို့ ESPN က အချက်အလက်၊ မှတ်တမ်းတွေနဲ့ ဖော်ပြသွားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ စတင်သုံးစွဲခဲ့တဲ့ ဗီဒီယိုအထောက်အကူပြု နည်းပညာသုံးဖြေရှင်းမှုမှာ ၉ ကြိမ်အထိ မျက်နှာသာပေးခြင်းခံခဲ့ရပြီး ၈ ကြိမ်အထိ အကျိုးအမြတ်ရှိခဲ့ကာ တစ်ကြိမ်တည်းကသာ ရလဒ်မကောင်းဖြစ်ခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ၈ ဂိုးအထိ အကျိုးရှိခဲ့ပြီးတော့ သူ့နောက်မှာ ဘရိုက်တန်က ၇ ဂိုးနဲ့ ရပ်တည်နေခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေ နဲ့ ဆောက်သမ်တန်တို့က အဆိုပါအသင်းနှစ်သင်းနောက်မှာ ၅ ဂိုး၊ ၄ဂိုး၊ ၃ဂိုး စသဖြင့် အကျိုးအမြတ်ရှိခဲ့ပြီး လက်စတာ၊ လီဗာပူးလ်၊ မန်စီးတီး၊ နယူးကာဆယ် နဲ့ တော့တင်ဟမ်တို့ကတော့ တစ်ဂိုးစီ အကျိုးအမြတ်ရှိခဲ့ကြပါတယ်။ ဒီလိုတွက်ချက်မှုမှာ အသားတင်ဂိုးရရှိမှုကို တွက်ချက်တာဖြစ်ပြီးတော့ VAR ကြောင့် ခွင့်ပြုခဲ့ရတဲ့ နစ်နာမှု နဲ့ အကျိုးရှိမှုတွေကို ခြားနားထားတာလည်းဖြစ်ပါတယ်။ 

ရှက်ဖီးယူနိုက်တက်ကတော့ -၆ အထိ ဖြစ်ခဲ့ပြီး ထိခိုက်မှုအများဆုံးရှိခဲ့တဲ့ အသင်းအဖြစ်ရပ်တည်နေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမဆုံးအကျိုးခံစားခွင့်အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ မာနေးရဲ့ လက်နဲ့ထိခဲ့တဲ့ သွင်းဂိုးကို ပယ်ဖျက်ပေးခံခဲ့ရပြီး နောက်တစ်ပတ်မှာကစားခဲ့တဲ့ နော်ဝှစ်ချ်နဲ့ပွဲမှာ ပင်နယ်တီနှစ်ကြိမ်အထိ ရရှိခဲ့ပါတယ်။ 

ဒီဇင်ဘာလအတွင်းမှာ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက်က အဆိုပါပွဲမှာ ပင်နယ်တီရရှိခဲ့သလို နောက်ထပ်ကစားခဲ့တဲ့ လီဗာပူးလ််နဲ့ပွဲက ဖာမီနိုရဲ့သွင်းဂိုးမှာ ဗန်ဒိုက်က ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ယူဆခံခဲ့ရလို့လည်း ပယ်ဖျက်ပေးခံခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဇူးမား၊ ဂီရော့ဒ်တို့ရဲ့ ဂိုးတွေကို မပေးခဲ့ရသလို ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဒီးနီးရဲ့ သွင်းဂိုးက ပယ်ဖျက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က