အဆင့် ၁၂ နေရာမှာသာ ရပ်တည်နေရပြီဖြစ်ပါတယ်။

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဧည့်သည်ရှက်ဖီးယူနိုက်တက်အသင်းတို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ုတိုက်စစ်ဆင်ကစားနို်င်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ရှက်ဖီးယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် လန်စထရန်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနောက်ခံကစားသမားတွေကို အချိန်တော်တော်များများ အလုပ်ရှုပ်စေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်စပါးအသင်းက တိုက်စစ်ကို အရှိန်မြှင့်လာခဲ့ပြီး ၅၈ မိနစ်မှာ ဆွန်ဟောင်မင်က ရှက်ဖီးယူနိုက်တက် နောက်ခံကစားသမားတွေရဲ့အမှားကနေတဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မိနစ် ၆၀ မှာ မက်ဂိုးရစ်က ရှက်ဖီးယူနိုက်တက်အသင်းအတွက် ချေပဂိုးကို စတီဗင်ရဲ့ ပေးပို့မှုကနေတဆင့် သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီးနောက် လန်စထရန်ဆီကနေ ပေးပို့ကတည်းက လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိတာကြောင့် ရှက်ဖီးအတွက် နစ်နာခဲ့ရပါတယ်။

၇၈ မိနစ်မှာ ဒေးဗစ်ဂိုးရစ်ရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျော့ဂျ်ဘဲဒေါ့က ခေါင်းတိုက်ပြီး ရှက်ဖီးယူနိုက်တက်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ယခုတစ်ကြိမ်မှာလည်း ကွင်းလယ်ဒိုင်က ဂျော့ဂျ်ဘဲဒေါ့ လူကျွံအနေအထားမှာ ရှိ၊ မရှိကို VAR နဲ့ ထပ်မံစစ်ဆေးရာမှာ လူကျွံနေခဲ့ခြင်းမရှိတာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ရှက်ဖီးအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျသွားခဲ့တာဖြစ်ပါတယ်။

Share

က္က