နောက်ဆုံးမိနစ်မှ ပင်နယ်တီပေးခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်တိုက်စစ်မှူး ဖေဘီယိုဆေးလ်ဗားတစ်ယောက် VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကွင်းထဲမှာ ငိုကြွေးခဲ့ရပါတယ်။ ဒီပွဲမှာ ရှက်ဖီးက ဝုလ်ဗ်ကို နောက်ဆုံးမိနစ်ပင်နယ်တီဂိုးကြောင့် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါဟာ ရှက်ဖီးအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ရရှိခဲ့တဲ့ ပင်နယ်တီကလည်း မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို (၁၀) မိနစ်၊ မိနစ် (၁၀၀) မှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီကတော့ ဖေဘီယိုဆေးလ်ဗားတစ်ယောက် ရှက်ဖီး ကစားသမား ဘဲလ်ဒေါ့ကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပေးလိုက်ရတာပါ။

ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့တဲ့ ဖြစ်ရပ်ကို VAR က ပြန်လည်စစ်ဆေးခဲ့သေးပေမယ့် ဘာအမှားအယွင်းမှ မရှိခဲ့ဘူးလို့ဆိုကာ ပင်နယ်တီအဖြစ် အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ နော့ဝုဒ်က ရှက်ဖီးအတွက် ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းကာ အနိုင်ရသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဖေဘီယိုဆေးလ်ဗားက ပြိုင်ဘက်ကစားသမားရဲ့ ခြေချောင်းအနေအထားကို တက်နင်းမိခဲ့တာဖြစ်ပြီး ဒါက ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်လို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မိုက်ဒင်းကလည်း ပြောခဲ့ပါတယ်။ ဒီပင်နယ်တီကြောင့်လည်း ဖေဘီယိုဆေးလ်ဗားတစ်ယောက် ကွင်းထဲမှာတင် ငိုကြွေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ် ဝေဖန်စရာတွေ များပြားခဲ့ပါတယ်။ အခု ရှက်ဖီးနဲ့ ဝုလ်ဗ်ပွဲအပြင် ဖူလ်ဟမ်နဲ့ ယူနိုက်တက်၊ နယူးကာဆယ်နဲ့ အာဆင်နယ် ပွဲတွေမှာလည်း VAR ကြောင့် အငြင်းပွားဖွယ်ရာတွေ အများကြီးရှိခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က