ရော်နယ်ဒိုရဲ့ဂိုးကို လူကျွံဘော သတ်မှတ်ခဲ့တာပါ။

အယ်လ်နာဆာနည်းပြ လူးဝစ်ကက်စထရိုက မနေ့ညက အယ်လ်ဟီလယ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို လက်ကိုင်ဖုန်းပြကာ စောဒကတက်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်ဟီလယ်က ဦးဆောင်ဂိုးရထားချိန်မှာ အယ်လ်နာဆာက ချေပဂိုးရခဲ့တာပါ။



ဒီသွင်းဂိုးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့တာဖြစ်ပေမယ့် VAR ကတော့ ရော်နယ်ဒို လူကျွံနေတယ်ဆိုပြီး ဒီဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒါကို မကျေနပ်တဲ့ ကက်စထရိုက အခုလိုမျိုးပဲ ဖုန်းကိုပြကာ စောဒကတက်ခဲ့တာပါ။
တကယ့်မြင်ကွင်းမှာလည်း ရော်နယ်ဒိုတစ်ယောက် လူကျွံနေခြင်းမရှိဘဲ ပြိုင်ဘက် နောက်ခံလူရဲ့ လက်မောင်းနဲ့ ငြိနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီသွင်းဂိုးကို သွင်းယူချိန်က ဒုတိယပိုင်း (၇၅) မိနစ်မှာဖြစ်ပါတယ်။
ဒီအချိန်မှာ အယ်လ်နာဆာက တစ်ဂိုးဂိုးမရှိနဲ့သာ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒီဂိုးသာ ရရှိခဲ့ရင် အခုလိုမျိုး သုံးဂိုးပြတ်နဲ့ ရှုံးနိုင်မှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ယုံကြည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲရလဒ်ကြောင့် အယ်လ်နာဆာအတွက် အကြီးအကျယ် နစ်နာခဲ့ပါတယ်။
အယ်လ်ဟီလယ်ကတော့ အယ်လ်နာဆာကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားမှာ​ အယ်လ်နာဆာကိုပဲ (၆)​ မှတ်အထိ ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အယ်လ်ဟီလယ်အတွက် ဂိုးတွေကို မီလင်ကိုဗစ်ဆာဗစ်က သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ မီထရိုဗစ်က နှစ်ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က