ကယ်ဗင်လီယွန်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ သွင်းဂိုးအသီးသီးရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ပြိုင်ပွဲစုံ ၈ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြ စ် ပါတယ်။

ပုံစံကောင်းရနေတဲ့ ယူနို်က်တက်အနေနဲ့ အဝေးကွင်းမှာရလဒ်ကောင်းဖို့အတွက် အကောင်းဆုံးအခြေ အနေတစ်ရပ်ရှိနေခဲ့သော်လည်း ပွဲချိန်အစောပိုင်းမှာ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမားဒီဂီယာကြောင့်ခက် ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပြီး ရှုံးပွဲမကြုံတွေ့ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

ကယ်ဗစ်လီယွန်၊ ဝဲလ်ကော့၊ ရီချာလီဆန်၊ ဆီဂန်ဆန်တို့နဲ့ လူစုံခဲ့တဲ့ အဲဗာတန်ရဲ့ပွဲထွက်ကစားပုံေ သ သပ်ခဲ့ပြီး ဂရင်းဝုဒ်၊ မာရှယ်တို့ကို တိုက်စစ်မှာထားပြီး ၄-၃-၁-၂ ပုံစံကိုအသုံးပြုခဲ့တဲ့ ယူနိုက်တက်ရဲ ့လူ စာရင်းကလည်း အတောင့်တင်းဆုံးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃မိနစ်မှာတင် အိမ်ရှင်အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဂိုးသမားဒီဂီယာရဲ့ ပေါ့ဆမှုကြောင့် လူငယ်တိုက်စစ်မှူးကယ်ဗစ်လီယွန်က ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက် ယူနိုက်တ က်အနေနဲ့ ခံစစ်ပိုင်းကို ပိုပြီးအမှားနည်းအောင်ကစားလာခဲ့သလို ဂိုးရဖို့အတွက်လည်း တောင်ပံတိုက်စ စ်တွေကနေတဆင့် လျင်မြန်မှုအသားပေးကစားပုံနဲ့အတူ ပြိုင်ဘက်ကို ဖိအားနိုင်ခဲ့ပါတယ်။

တရစပ်တိုက်စစ်ပိုင်းလိုက်ပါနေတဲ့ ယူနိုက်တက်ရဲ့ကစားပုံက အဲဗာတန်နောက်တန်းကိုဖိအားဖြစ်စေ ခဲ့ ပြီး ပွဲချိန် ၃၁မှာ ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် ချေပဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် အသင်းနှစ်သင်းအကြား ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။



ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးဂိုးရဖို့အတွက် တိုက်စစ်ပိုင်းကို ပိုမိုအသားပေးကစားခဲ့သလို ကြံ့ခိုင်မှု အသားပေးကစားလာခဲ့တဲ့အတွက်လည်း ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဂိုးရဖို့အတွက် အခွင့်အ ရေးကိုယ်စီရရှိခဲ့ပေမယ့် ရီချာလီဆန်၊ မာရှယ်တို့ အသုံးမချနိုင်ခဲ့လို့ ဂိုးရဖို့အခြေအနေကနေ ေ ဝးနေခဲ့ ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ နှစ်သင်းလုံးဘောလုံးပိုင်ဆိုင်မှုအသာရရေးနဲ့ ကစားကွက်ပိုင်းအသာစီးရဖို့ အား စိုက်ခဲ့ပေမယ့် မထင်မှတ်ဘဲ ကွင်းလယ်မှာသာအပျက်များနေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘရူနိုဖာ နန်ဒက်စ်ရဲ့ကန်သွင်းချက်၊ အီဂါလိုုရဲ့ မနားတမ်းထပ်မံပိတ်သွင်းချက်တွေကို အဲဗာတန်ဂိုးသမားပစ်ခ် ဖို့ဒ် အံအားသင့်ဖွယ်လက်စွမ်းနဲ့ကာကွယ်နိုင်ခဲ့လို့ အဲဗာတန်တို့ အသက်ရှုချောင်ခဲ့ရပါတယ်။

အချိန်ပိုမှာ အဲဗာတန်တို့ဂိုးထပ်ရခဲ့ပေမယ့် VAR အရ အဲရစ်ဆင်လူကျွံနေခဲ့လို့ ငြင်းပယ်ခံခဲ့ ရ တဲ့ အတွက် ယူနိုက်တက်တို့ သက်သာရာရခဲ့ပါတယ်။ ပွဲအပြီးမှာ ၁-၁ သရေရလဒ်ပဲထွက်ပေါ်ခဲ့သလို ဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းမရှိတဲ့အပေါ် စောဒကတက်ခဲ့တဲ့ အဲဗာတန်နည်းပြအန်စလော့တီကတော့ အနီကတ်ပြခံခဲ့ရတဲ့အတွက် လာမယ့်ပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်ခွင့်ဆုံးရှုံးခဲ့ပြီလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က