နောက်ဆုံးမိနစ်သွင်းဂိုး ပယ်ဖျက်ခံခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ တူးလော့စ်နဲ့ လီဗာပူးတို့ရဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဥ်မှာ အိမ်ရှင်တူးလော့စ်က လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ သရေကျဖို့ အခွင့်အရေးရှိခဲ့ပေမယ့် နောက်ဆုံးမိနစ်သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။



လီဗာပူးဟာ တူးလော့စ်ကို ချေပဂိုးရဖို့အတွက် နောက်ကနေ အကြိမ်ကြိမ် လိုက်လံဖိအားပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၇) မိနစ်မှာတော့ ကွန်ဆာချ်က လီဗာပူးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီသွင်းဂိုးအတွက် ကစားကွက်တည်ဆောက်လာတဲ့နေရာမှာ မက်အယ်လစ္စတာ ဘောလုံးကို လက်နဲ့ထိမိခဲ့တယ်ဆိုပြီး VAR က ပင်နယ်တီသွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ လီဗာပူးကစားသမားတွေ၊ နည်းပြကလော့ပ်နဲ့ ပရိသတ်တွေအတွက်တော့ ဒီဖြစ်ရပ်က စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။


မက်အယ်လစ္စတာရဲ့ လက်ထိဘောက မတော်တဆထိခဲ့ပြီး ဒါကို မျက်ကွယ်ပြုလို့ ရတယ်လို့လည်း လီဗာပူးပရိသတ်တွေက သုံးသပ်နေပါတယ်။ ဒီရာသီမှာ VAR က တော်တော်လေးကို ဒုက္ခပေးနေပြီး ပရီးမီးယားလိဂ်အသင်းတွေနဲ့ ပတ်သက်လာရင် အငြင်းပွားဖွယ်ရာတွေ ပိုမိုများပြားနေပါတယ်။

ဒါ့အပြင် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာလည်း ကလော့ပ်ကို တူးလော့စ်ပရိသတ်တွေက နှောင့်ယှက်ခဲ့ကြပြီး ကလော့ပ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါသေးတယ်။ မက်အယ်လစ္စတာရဲ့ လက်ထိဘောဟာဆိုရင် ဘောလုံးကို ရင်ဘတ်နဲ့ထိန်းရင်းကနေမှ လက်နဲ့ထိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က