VAR ရဲ့ လူကျွံမျဉ်းသာ မှန်မှန်ကန်ကန် ဆွဲနိုင်ခဲ့ရင် ပယ်ဖျက်ခြင်း ခံခဲ့ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ ဘရန့်တ်ဖို့ဒ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း VAR ရဲ့ ကြီးမားတဲ့အမှားကြောင့် နစ်နာခဲ့ရပြီး VAR ဒိုင် လီး မေဆန်ဟာ ဘရန့်တ်ဖို့ဒ်ရဲ့ ချေပဂိုးမှာ လူကျွံမျဉ်းကို ဆွဲဖို့ မေ့ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်က အသင်းအတွက် ၎င်းရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့တဲ့အချိန်မှာ အရေးကြီးတဲ့နိုင်ပွဲကို ရရှိခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း အိုင်ဗန် တိုနီရဲ့ အနီးကပ် ခေါင်းတိုက်ချက်က အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရစ္စရှန် နောဂွါဒ်ဟာ အိုင်ဗန် တိုနီရဲ့ ခေါင်းတိုက်သွင်းဂိုးကို ဖန်တီးပေးခဲ့ချိန်မှာ လူကျွံအနေအထားမှာ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဘရန့်တ်ဖို့ဒ်ရဲ့ ချေပဂိုးဟာ VAR ရဲ့ လူကျွံမျဉ်းသာ မှန်မှန်ကန်ကန် ဆွဲနိုင်ခဲ့ရင် ပယ်ဖျက်ခြင်း ခံခဲ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR ဒိုင်လူကြီး လီး မေဆန်ဟာ ဘရန့်တ်ဖို့ဒ်ရဲ့ ဂိုးက ခွင့်ပြုရမယ့်ဂိုးလားဆိုတာကို ဆုံးဖြတ်တဲ့အချိန်မှာ မှန်ကန်တဲ့ မျဉ်းကို ဆွဲဖို့ မေ့ခဲ့တာဖြစ်ပါတယ်။ Rory Talks Football လို့ အမည်ရတဲ့ ဘောလုံးပရိသတ်တစ်ဦးက လီး မေဆန်ဟာ လူကျွံမျဉ်းကို ဆွဲဖို့ မေ့လျော့ခဲ့တာမဟုတ်ဘဲ ဂန်းနားတွေကို တမင်သက်သက် ရည်ရွယ်ချက်နဲ့ ဒုက္ခပေးခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။



"ဒီကိစ္စက ကျွန်တော်ပြောဖို့ မလိုအပ်ဘူးဆိုတာ သိပေမယ့် လီး မေဆန်က မျဉ်းဆွဲဖို့ မေ့သွားခဲ့တာမဟုတ်ပါဘူး။ ဒီလူက မန်ချက်စတာမှာ မွေး၊ မန်ချက်စတာမှာ ကြီးလာတဲ့လူ။ မန်ယူနိုက်တက်နဲ့ပွဲတုန်းကလည်း မာတီနယ်လီရဲ့ဂိုးကို ပယ်ဖျက်ခဲ့တဲ့သူပါ။ မျဉ်းမဆွဲဖို့ ရွေးချယ်ခဲ့တာ။ ဒါက ကြီးမားတဲ့ လိမ်ညာမှုကြီးပဲ"လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က