update ဗားရှင်းမှာ ပါလာတာပါ

စာပို့app တစ်ခုဖြစ်တဲ့ Viber ရဲ့ update version မှာ အန်းဒရိုက်ဖုန်းတွေအတွက် Dark Mode theme သစ် ထည့်သွင်းလာပြီ ဖြစ်ပါတယ်။

         ဘက်ထရီပါဝါသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်ပြီး app သုံးချိန်မှာ မျက်လုံးကြည့်ရတာ သက်သာလွယ်ကူစေတဲ့ Dark theme ကို Viber ရဲ့ update ဗားရှင်းသစ်မှာ ထည့်သွင်းလာတာပါ။ Dark Mode ဖွင့်ချင်တယ်ဆိုရင်တော့ Viber ရဲ့ နောက်ဆုံး ဗားရှင်းကို update လုပ်ထားရမှာ ဖြစ်ပြီး Settings ထဲမှာ ပါတဲ့ Appearance ကို ဖွင့်မယ်ဆိုရင် Dark Mode ကို တွေ့မှာ ဖြစ်ပါတယ်။



         Viber ရဲ့ Dark Mode feature ကို လောလောဆယ်မှာ အန်းဒရိုက်အနေနဲ့ပဲ ထွက်ထားတာ ဖြစ်ပြီး iOS တွေအတွက်တော့ နောက် ၂ ပတ်အတွင်း ဖြန့်ချိသွားမယ်လို့Viber ရဲ့ Twitter အကောင့်ဖြစ်တဲ့ @ViberHelp မှာ အတည်ပြုထားပါတယ်။ လတ်တလောမှာတော့ Viber Dark Mode ကို Settings ထဲမှာ manual ဖွင့်ရမှာ ဖြစ်ပါတယ်။

         အန်းဒရိုက်ဖုန်းတွေအနေနဲ့Viber ရဲ့ Dark Mode စနစ်ကို သုံးဖို့အတွက် Viber ဗားရှင်း 10.2.0.3 တင်ထားရမှာပါ။ Dark Mode ဆိုတဲ့ အတိုင်း ညဖက်တွေမှာ ဖုန်းအလင်းပြန်မှု ပြဿနာကို ရှင်းဖို့၊ ဖုန်းကြာကြာသုံးတဲ့ သူတွေအတွက် ဘက်ထရီအားခံပြီး မျက်လုံးဒဏ်မဖြစ်စေဖို့ထုတ်ထားတာ ဖြစ်ပါတယ်။

         မကြာသေးမီကလည်း Facebook ရဲ့ Messenger app မှာ Dark Mode စနစ်ထည့်သွင်းလာခဲ့တာ ဖြစ်လို့ဒီ feature ဟာ လူမှုကွန်ရက်သုံးသူများအကြားမှာ ရေပန်းစားနေပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က