တစ်ချိန်တည်းနဲ့၄ ယောက်အထိ ရုပ်သံခေါ်ဆိုနိုင်မှာပါ

အဖွဲ့လိုက်ရုပ်သံစကားပြောနိုင်မယ့် feautre သစ်ကို WhatsApp မှာ ကာလရှည်စောင့်နေသူတွေအတွက်တော့ သတင်းကောင်းပါပဲ။

photo: androidpolice

 

Facebook ရဲ့ F8 Developer ကွန်ဖရင့်မှာကတည်းက WhatsApp ဟာ ဒီနှစ် နောက်ပိုင်းလောက်မှာ အသံနဲ့ဗွီဒီယိုနှစ်ခုလုံး ပံ့ပိုးပေးနိုင်မယ့် Group call စနစ်ကို ထည့်သွင်းသွားမယ်လို့ကြေငြာထားတာပါ။ နှစ်လကျော် ကြာပြီးနောက်မှာတော့ WhatsApp ဟာ တစ်ချိန်တည်းနဲ့သူငယ်ချင်း ၄ ယောက် မျက်နှာချင်းဆို စကားပြောနိုင်မယ့် အွန်လိုင်း Group call feature ကို ဖြန့်ချိနိုင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီ feature ကို သုံးမယ့် WhatsApp user တစ်ယောက်ဟာ ပထမဆုံး တစ်ယောက်ချင်း call အရင်ခေါ်ပြီးမှ နောက်ထပ် နှစ်ယောက်ကို ထပ်ထည့်နိုင်မှာ ဖြစ်ပါတယ်။ Group call မှာ သူငယ်ချင်းတွေ ထပ်ထည့်ဖို့အတွက်လည်း ညာဘက်ထောင့်မှာ button တစ်ခု ပါလာပါတယ်။

WhatsApp ကတော့ ဒီ ဖုန်းခေါ်ဆိုမှုတွေကို တစ်ခြား chat ဝန်ဆောင်မှုတွေလိုပဲ နှစ်ကိုယ်ကြား လုံခြုံမှုရှိတဲ့ End-to-end encryption စနစ် သုံးထားတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီ feature နဲ့အတူ WhatsApp ဟာ stickers အသစ်တွေလည်း မိတ်ဆက်သွားမှာပါ။

"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူတွေဟာ WhatsApp ပေါ်ကနေ ရုပ်သံခေါ်ဆိုမှု လုပ်ရတာကို ပိုပြီး နှစ်သက်လာပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို သုံးနေသူဟာ တစ်နေ့ကို ဖုန်းခေါ်ဆိုမှု မိနစ်ပေါင်း ၂ ဘီလျံအထိ ရှိခဲ့တာပါ။ အခုကစပြီး group call feature ကို မိတ်ဆက်ကြေငြာရလို့ကျွန်တောို့လည်း စိတ်လှုပ်ရှားရပါတယ်။" လို့ကုမ္ပဏီက ဆိုပါတယ်။

လက်ရှိမှာ WhatsApp ကို လစဉ် သုံးစွဲသူ သန်းပေါင်း ၁၅၀၀ ကျော်နေပြီ ဖြစ်ပြီး အများစုဟာ ဖုန်းခေါ်ဆိုမှုလို ဆက်သွယ်ရေးအတွက် သုံးနေတာပါ။ Group call feature ကြောင့် WhatsApp ပေါ် အဖွဲ့လိုက် ရုပ်သံစကားပြောမှုနှုန်းဟာ တဟုန်ထိုး မြင့်တက်သွားဖို့လည်း ရှိနေပါတယ်။

photo: GSMArena

 

WhatsApp ဟာ Group Call ကို Android နဲ့iOS နှစ်မျိုးစလုံးအတွက် ဖြန့်ချိသွားမှာဖြစ်ပြီး နောက်ဆုံးထွက် WhatsApp ဗားရှင်းမှာ ဒီ feature ပါလာမှာပါ။

Share

Loading Next Article...
က္က