ပိုမိုအဆင့်မြင့်တဲ့ Ultra Vision Leica Camera စနစ်ကို အသုံးပြုထားပါတယ်

HUAWEI Consumer Business Group မှမျိုးဆက်သစ် P40 Pro+ ၊ P40 Pro နဲ့ P40 စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ HUAWEI ရဲ့ အသစ်စက်စက် P40 Series Flagship တွေဟာ အသွင်သစ်နဲ့ လှပသော ဒီဇိုင်း၊ မြင်သူနှစ်ခါ ငေးရမယ့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှု နည်းပညာသစ်တွေ ပါဝင်လာပြီး Mobile Photography နဲ့ Video လုပ်ဆောင်နိုင်စွမ်းတွေမှာ နောက်ထပ် သမိုင်းမှတ်ကျောက်တင်မယ့် ထုတ်ကုန်သစ်တွေပဲဖြစ်ပါတယ်။

HUAWEI ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ P40 Series တွေဟာ လက်ရှိအချိန်မှာ အရွယ်အစား အကြီးဆုံး CMOS Sensor အသုံးပြုထားပြီး အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖန်တီးရိုက်ကူးနိုင်ရန် စွမ်းဆောင်ရည်အမြင့်မားဆုံး Cameras များနဲ့ ပွဲထွက်လာတဲ့ အပြင်  စွမ်းဆောင်ရည်မြင့် 5G ကွန်ရက် နည်းပညာပါ ရရှိနိုင်တာကိုတွေ့ရပါတယ်။

Unprecedented Design

အသွင်သစ် ဒီဇိုင်းပိုင်းမှာဆိုရင် HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေဟာ HUAWEI ရဲ့ Quad-curve Overflow Display နဲ့ ဖွဲ့စည်းထားပါတယ်။ လေးဖက်လေးတန် မျက်နှာပြင်ခုံး ဖြစ်လာတဲ့ ဒီဇိုင်းဟာ တစ်နည်းအားဖြင့် ရေရဲ့တည်ငြိမ်သော ရွေ့လျားမှုကို နမူနာယူထားတာလို့ သိရပါတယ်။ မြင်သာအောင်ရေးပြရရင် ရေအပြည့်ဖြည့်ထားတဲ့ ခွက်ပေါ်မှာရေ ရွှေ့လျားနေပုံနဲ့ ဆင်တူမှာပါ။ စမတ်ဖုန်းရဲ့ဘေးဘောင်များက သေးငယ်သလို ကိုယ်ထည်ထောင့်နေရာတွေမှာ လုံးလုံးဝန်းဝန်း ကျစ်ကျစ်လျစ်လျစ် ဖြင့် ကိုင်လို့ အဆင်ပြေအောင် ဖန်တီးထားပြီး P40 Series ကိုကြည့်လိုက်တာနဲ့ မျက်နှာပြည် အပြည့်ဖြစ်လုနီးပါး ဖြစ်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ အဲဒီလို Display နှင့် Design အလှမှာ သူမတူအောင် ဖန်တီးထားသလို Biometric Authentication အတွက် In-display Fingerprint Reader က ယခင်မျိုးဆက် စမတ်ဖုန်းတွေထက် 30% ပိုမိုလျှင်မြန်စွာ Unlock လုပ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

ရွေးချယ်စရာ အရောင်တွေအနေနဲ့ Glossy Glass မှန်ကဲ့သို့တောက်ပြောင်မှုကို အခြေခံထားသော Ice White ၊ Deep Sea Blue နဲ့ Black တို့ဖြစ်ပြီး အလင်းတုံ့ပြန်စွမ်းအား ကောင်းမွန်သည့် Refractive Matte Glass တွင် Blush Gold နဲ့ Silver Frost အရောင် ၂ မျိုး ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။။ အဲဒီလို ဆန်းသစ်သည့် အရောင်များကြောင့် P40 နှင့် P40 Pro စမတ်ဖုန်းများကို မည့်သည့် ရှုဒေါင့်ကနေပဲ ကြည့်ကြည့် ကြွရွလှပတဲ့ ဒီဇိုင်းနဲ့ မြင်တွေ့နိုင်မှာပါ။ P40 Pro+ မှာ ထူးခြားသည့် Nanotechnology နဲ့ ဖန်တီးပြုလုပ်ထားတဲ့ Ceramic ကိုယ်ထည်သားနဲ့ Exclusive ရရှိနိုင်ပြီး အဖြူနဲ့ အနက်ရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Nano-tech Coating Method မှာ အလွှာအလွှာသော Layer တွေကို ခက်ခက်ခဲခဲ ထပ်ရတဲ့အတွက် နည်းပညာပိုင်းအရ အဆင့်မြင့်သွားတာပါ။ Ceramic သားဆိုသည်မှာ မာကျော ကျစ်လျစ်နေအောင် သေချာ Hardening လုပ်ရသလို ဖန်တီးမှုအနုပညာမြောက်အောင် နောက်ဆုံးအဆင့်မှာ အချောသပ် Polishing လုပ်ယူရပါသေးတယ်။ ဒါကြောင့် P40 Pro+ ဟာ ဒီဇိုင်းအလှမှာ အထာအကျဆုံးဖြစ်ပြီး Timeless Style နဲ့ ကြွရွနေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

All-day Super Definition Photography

HUAWEI P40 Series မှာ ကင်မရာပိုင်း ထူးခြားလာတာတွေကတော့ ပိုမိုအဆင့်မြင့်တဲ့ Ultra Vision Leica Camera စနစ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒီကင်မရာ စနစ်တွေကို Triple ၊ Quad နဲ့ Penta Cameras ဆိုပြီး HUAWEI P40 ၊ P40 Pro နဲ့ P40 Pro+ တွေနဲ့ မြင်တွေ့ရမှာပါ။ Ultra Vision Leica Camera အသုံးပြုထားတဲ့ အားသာချက်က HUAWEI P40 Series တွေမှာ ကင်မရာ စွမ်းဆောင်ရည် တစ်ခုချင်းစီ မြင့်မားလာပြီး Ultra-wide ၊ Wide Angle နဲ့ Telephoto Lens လုပ်ဆောင်ချက်တွေမှာ သူမတူတဲ့ ဖန်တီးမှု အနုပညာကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

HUAWEI P40 Pro မှာအသုံးပြုထားတဲ့ Leica Quad Camera စနစ်ဟာ ယခင်ထက် ပိုမို စွမ်းဆောင်ရည်ကောင်းလာတဲ့ Ultra-wide Cine Camera နှင့် ToF (Time of Flight) Sensor တွေနှင့် တွဲဖက်ထားသလို Tele Lens စွမ်းအားနဲ့ SuperSensing Zoom ကို အဆ 50x Maximum ပုံရိပ်များဖမ်းယူနိုင်မှာဖြစ်ပါတယ်။

P40 Pro+ မှာတော့ P40 Pro အားသာချက်များ အကုန်ပါဝင် အသုံးပြုထားတဲ့ အပြင် SuperZoom Array နည်းပညာ ထောက်ပံ့ထားတဲ့အတွက် 10x True Optical Zoom အပြင် အမြင့်မားဆုံး Digital Zoom ကို အဆ 100x အထိ ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

HUAWEI P40 Series မှာပါဝင်တဲ့ Ultra Vision Sensor အားသာချက်တွေက အကြီးမားဆုံး CMOS Sensor အသုံးပြုထားပြီး Pixel Binning နည်းပညာ အထောက်ပံ့နှင့် Sensor Size က အရွယ်အစား 1/1.28” အထိ ရှိပြီး Pixel Size က 2.44μm ရှိပါတယ်။ Full Pixel Octa PD (Phase Detection) Auto Focus လုပ်ဆောင်ချက်က AI နည်းပညာနဲ့ ပေါင်းစပ်ထားသည့် အတွက် အလင်းရောင်အားနည်းသည့် အခြေအနေမျိုး မှာလည်း ပိုမိုလျှင်မြန်စွာ Auto Focus လုပ်ပေးနိုင်ပါတယ်။ HUAWEI ရဲ့ XD Fusion Engine ကလည်း Wide ၊ Ultra-wide နဲ့ Telephoto Lens ကဲ့သို့ မတူညီတဲ့ ရှုဒေါင့်ကနေ ရိုက်ကူးလိုက်တဲ့ ပုံများကို တခဏအတွင်းမှာ လေ့လာစမ်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့ Picture Quality ရရှိလာအောင် ကူညီပံ့ပေးနိုင်ပါတယ်။

Long-range Zoom ရိုက်ကူးမှုအပိုင်းမှာလည်း လက်တုန်ခြင်းလို အနေအထားမျိုးကို ကာကွယ်ပေးနိုင်ဖို့OIS အထောက်ပံ့ ပါဝင်တဲ့အပြင် SuperZoom Array လို AI လုပ်ဆောင်ချက်က Stabilization Feature အတွက် ပြည့်စုံစေပါတယ်။ ဒါ့အပြင် Ultra-wide Camera မှာလည်း OIS ထည့်သွင်းပေးထားတဲ့အတွက် Camera Lens တွေက OIS+AIS အကူညီနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရိုက်ကူးစေနိုင်ပါတယ်။

Portrait အလှရိုက်ကူးမှုအတွက်လည်း Lighting နဲ့ Detail Effect ကို Deep Learning Algorithm နဲ့ Real-time Optimisation လုပ်းပေးနိုင်တာကိုတွေ့ရပါတယ်။ HUAWEI P40 Pro နဲ့ P40 Pro+ မှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊ Bokeh ရိုက်ချက်တွေကို HUAWEI ထုတ်ကုန်တွေရဲ့ Signature Quality စံနှုန်းအတိုင်း ပံ့ပိုးထားတာပါ။

A Powerful Pocket-sized Video Camera

ဓာတ်ပုံရိုက်ကူးမှု အပိုင်း ကောင်းမွန်လာတဲ့ P40 Series များသည် Video Functionality ပိုင်းမှာလည်း အဆင့်မြင့်တင်ထားပြီး P40 Pro နဲ့ P40 Pro+ တို့တွင့် 40MP Ultra-wide Camera 18mm Focal Length တို့ကို အသုံးပြုထားကာ 3:2 Aspect Ratio ထောက်ပံ့ထားပါတယ်။ Sensor Size ကတော့ 1/1.54” ရှိပါတယ်။ အဆိုပါကင်မရာတွေမှာ SedecimPixel Fusion နည်းပညာနဲ့ ပေါင်းစပ်ထားပြီး 16-in-1 Pixel Binning ကို ထောက်ပံ့ထားတဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Super Pixel Size ကို ရရှိစေမှာ ဖြစ်ပါတယ်။ အလင်းဝင်အား ကေားင်မွန်စေဖို့ Light Sensitivity ISO ကို 512,000 အထိ ထောက်ပံ့ထားပြီး Ultra Slow-Motion Footage ကို 7,680 fps (Frame Per Second) နှုန်းဖြင့် ရိုက်ကူးနိုင်ပါတယ်။

HUAWEI P40 Series အားလုံးမှာ Real-time Bokeh Videos အသုံးပြုနိုင်ပြီး Highlight ပြချင်တဲ့ Subject ကို Wide-angle Lens မှာလည်း အသုံးပြုနိုင်ပါတယ်။ Telephoto Camera လုပ်ဆောင်ချက် အနေနဲ့ကတော့ High Quality Zoom ဗီဒီယို ဖန်တီးနိုင်ပြီး 4K Time-lapse Footage ကိုလည်း ရိုက်ကူးနိုင်ပါတယ်။

HUAWEI P40 Pro နဲ့ P40 Pro+ မှာ ပါဝင်ထားတဲ့ Directional Audio Zoom Feature က Zoom ဆွဲရိုက်တဲ့အခါမျိုးမှာ အထောက်ကူဖြစ်စေမှာပါ။ သုံးစွဲသူတွေကို အသံ Source ဆီ Zoom In လုပ်ပေးနိုင်တဲ့အတွက် ပိုမိုကြည်လင် ပြတ်သားတဲ့ အသံအရည်သွေး ရရှိစေဖို့ Amplify လုပ်ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။


An All-connected 5G Powerhouse

HUAWEI P40 Series အားလုံးမှာ Kirin 990 5G SoC နဲ့ မောင်းနှင်ထားပြီး Integrated ထည့်သွင်းထားသည့် 5G ကွန်ရက်စနစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုကို ထောက်ပံ့ပေးထားပါတယ်။ ပူးတွဲပါဝင်လာတဲ့ NPU လုပ်ဆောင်ချက်က AI စွမ်းဆောင်ရည် မြင့်တင်ပေးနိုင်တဲ့အပြင် စွမ်းအင် ချွေတာမှုအပိုင်းအတွက် တစ်ဖက်တလှမ်း အားဖြည့်ပါဝင်ထား ပါသေးတယ်။

Display တုံ့ပြန်နိုင်စွမ်းအားနဲ့ Gaming Experience တွေကို Level အသစ် ပေးစွမ်းနိုင်စေဖို့ GPU စွမ်းရည်ကို အဆင့်မြင့်ထားပြီး HUAWEI P40 Pro နဲ့ P40 Pro+ မှာ 90Hz Refresh Rate နဲ့ Smooth Experience ခံစားရရှိအောင် ထည့်သွင်းထားပါသည်။ 160MHz ကြိမ်နှုန်းနဲ့ Wi-Fi 6 Plus နည်းပညာကလည်း ပိုမိုမြန်ဆန်တဲ့ ချိတ်ဆက်မှုအပိုင်းတွက် အမြင့်ဆုံး 2,400 Mbps High-speed Connection ကို ပေးစွမ်းနိုင်ပါတယ်။ 2,400 Mbps ဆိုတာကတော့ သီအိုရီအရ ပေးစွမ်းနိုင်တဲ့ Transmission Speed ကို ဆိုလိုတာပါ။

Fast Charging ပိုင်းအတွက် HUAWEI SuperCharge နည်းပညာက 40W Wireless Fast Charging အထိ ထောက်ပံ့ထားလိုက်ပြီဖြစ်ပြီး ဒီ Industrial Leading နည်းပညာကို HUAWEI P40 Pro+ နဲ့ တွဲဖက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ယခုလို System Level Performance ပိုကောင်းလာတဲ့ HUAWEI P40 Series တွေမှာ Thermal Management အပူကို Control လုပ်ဖို့နဲ့ အပူကြောင့် စွမ်းဆောင်ရည် မထိခိုက်စေဖို့ Advanced Cooling နည်းပညာကို အသုံးပြုထားပါတယ်။ HUAWEI P40 Pro+ မှာ 4-in-1 SuperCool System ပါဝင်လာသည့်အပြင် Exceptional Performance ကို ဝန်ထုပ်ဝန်ပိုး မရှိစေဘဲ ရရှိစေမှာဖြစ်ပါတယ်။

Camera နှင့် System Performance ပိုင်း ပိုမိုကောင်းမွန်လာတဲ့ P40 Series တွေကို ပြည့်စုံသွားစေဖို့ EMUI 10.1 Operating System နဲ့ အားဖြည့်ထားတာကိုလည်း တွေ့ရပါတယ် ။ HUAWEI ရဲ့ EMUI Version အသစ်မှာဆိုရင် Hardware လုပ်ဆောင်ချက် ပိုကောင်းလာစေဖို့ AI Functionality ပိုင်းကို ပါ ပံ့ပိုးပေးထားပါတယ်။

HUAWEI မှ မိတ်ဆက်လိုက်တဲ့ HUAWEI MeeTime မှာဆိုလျှင်လည်း 1080p Video Call ကို အပြည့်အဝ အသုံးချနိုင်ပြီး HUAWEI Smartphones ၊ Tablets နဲ့ HUAWEI Vision TV အစရှိတဲ့ Device အားလုံးမှာလည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ Video Call ပြောတဲ့အခါမှာလည်း ရုပ်ထွက်အရည်အသွေးပိုင်းကို အလင်းရောင် အားနည်းတဲ့အချိန်၊ လိုင်းဆွဲအား အနေထားကြောင့် ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Screen Sharing Feature ကိုပါ ထည့်သွင်းထားတဲ့အတွက် Video Call ပြောရင်း ကိုယ်ပြချင်တဲ့ အကြောင်းရာတစ်ခုခုကို တခြားသူ မြင်စေဖို့ သုံးနိုင်မှာဖြစ်ပါတယ်။

HUAWEI Share ဝန်ဆောင်မှုမှာတော့ Smartphone ကို Tablets နဲ့ PC တွေဆီ အလွယ်တကူ File Sharing ၊ File Transfer လုပ်နိုင်ပါတယ်။ P40 Series မှာ မိတ်ဆက်သွားတဲ့ HUAWEI Share ကနေတဆင့် တေးသီချင်းတွေကို Smart Speaker ၊ Screen Projector နဲ့ Wi-Fi ချိတ်ဆက်ထားတဲ့ HUAWEI Device တွေဆီ Smartphone ကို Tap လုပ်ပေးလိုက်တာနဲ့ အလွယ်တကူ Streaming လုပ်ပြီး နားဆင်နိုင်တာကိုလည်းတွေ့ရပါတယ်။

Smartphone နှင့် PC တို့ တသားတည်း ဖြစ်သွားစေရန် လုပ်ဆောင်နိုင်မယ့် Multi-screen Collaboration ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ Multi-screen ကို Tab လုပ်လိုက်တာနဲ့ PC မှာ ဖုန်း Screen ပေါ်လာမှာဖြစ်ပြီး Video Call ၊ Voice Call မှန်သမျှ PC ကနေ တိုက်ရိုက် ခေါ်ဆိုနိုင်မယ့် အပြင် စမတ်ဖုန်းပေါ်က ဖိုင်တွေကို အလွယ်တကူ Drag & Drop လုပ်နိုင်ခြင်း၊ Hyperlinks ဖွင့်ဖို့ ကွန်ပျူတာပေါ်မှာ သုံးနေရတဲ့အတိုင်း Experience ရရှိစေမှာပါ။

HUAWEI Smartphone တွေမှာ ကိုယ်ပိုင် HMS (HUAWEI Mobile Services) အသုံးပြုထားတဲ့အတိုင်း သီးသန့် ဝန်ဆောင်မှုဖြစ်တဲ့ AppGallery မှာ Applications (Apps) တွေကို ကမ္ဘာတဝှမ်းက Developers တွေနဲ့ပူးပေါင်းပြီး ပြည့်စုံလာအောင် ဖန်တီးထားပြီပဲဖြစ်ပါတယ်။


ဈေးနှုန်းနဲ့ ဝယ်ယူရရှိမယ့်အချိန်

HUAWEI P40 Series တွေကို နိုင်ငံတကာမှာ အောက်ဖော်ပြပါ ဈေးနှုန်းများအတိုင်းရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာပြည်မှာ ဧပြီလအကုန် မေ လဆန်းတွင် ဝင်ရောက်လာမယ်လို့ ခန့်မှန်းရကာ ရက်အတိအကျနှင့် ဈေးနှုန်းအတိအကျကို Huawei Consumer Business Group (Myanmar) ရုံးမှ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။


HUAWEI P40 Series တွေနဲ့အတူ HUAWE WATCH GT2e နဲ့ HUAWEI Sound X စတဲ့ ထုတ်ကုန်အသစ်တွေကိုလည်း မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒါ့အပြင် 020 ဆောင်းအကုန် နွေအကူးရာသီအတွက် HUAWEI X GENTLE MONSTER Eyewear ကိုပါ မိတ်ဆက်သွားခဲ့တာကိုလည်း တွေ့ရပါတယ်။

(ဒီဆောင်းပါးကို Huawei မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က