ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတဲ့ Foldable ထုတ်ကုန်ဖြစ်လာနိုင်ပါတယ်

Vivo ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်း Vivo X Fold လို့ ယူဆရတဲ့ ထုတ်ကုန်ကို တရုတ်မှာ ပေါက်ကြားလာပါတယ်။ 

မြေအောက်ရထားဘူတာရုံတစ်ခုမှာ သုံးနေရင်း တစ်ယောက်ယောက်က ဓါတ်ပုံရိုက်ထားတဲ့ပုံပါ။ တကယ့်ဒီဇိုင်းကို မမြင်သာအောင် ကာဗာအထူတပ်သုံးထားတာ တွေ့ရပါတယ်။ ပေါက်ကြားလာတဲ့ ပုံအရဆိုရင် ညာဘက်ခြမ်း Panel အပေါ်အလယ်ထိပ်မှာ punch-hole ပေါက် Display နဲ့လာနိုင်ပါတယ်။ ဘေးဘောင်တွေ ပါးပါးပဲ သုံးထားပြီး Full Screen ဒီဇိုင်းမျိုး ဖြစ်ဖို့ရှိပါတယ်။ 





ခေါက်သိမ်းမှုပုံစံအနေနဲ့ အတွင်းခေါက် In-Fold မျိုးပဲ သုံးလာဖို့ ရှိပါတယ်။ လက်ရှိ ကြားနေရတဲ့ အချက်အလက်တွေအရဆိုရင် Vivo ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ ၈ လက်မဆိုဒ် အရွယ်အစား ရှိပြီး QHD+ ရုပ်ထွက် ပါရှိမယ်လို့ ဆိုပါတယ်။ Display ဟာ 120Hz Refresh Rate ပံ့ပိုးထားပြီး အပြင်ဘက် ကာဗာ Display က ဘေးဘောင်ခုံး ၆.၅ လက်မဆိုဒ် ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ 

အခေါက်အဖြန့်မှာ ပတ္တာဆက်နေရာတွေမှာ မတွန့်ခေါက်စေဖို့ UTG Glass မှန်အမျိုးအစား သုံးလာမယ်လို့လည်း ဆိုပါတယ်။ High-End ထုတ်ကုန်ဖြစ်တဲ့အတိုင်း Snapdragon 8 Gen 1 SoC သုံးလာပြီး အမြင့်ဆုံး RAM 12/512GB Storage အထိ ပါလာနိုင်ပါတယ်။ ကျောဘက်မှာ လေးထောင့်စတုဂံအိမ်ထဲ စက်ဝိုင်းပုံ ကင်မရာ Module ဒီဇိုင်း သုံးလာနိုင်ပြီး 50MP main Sensor ၊ 48MP Ultrawide ၊ 2x zoom ဆွဲနိုင်မယ့် 12MP sensor နဲ့ 5x optical zoom ရိုက်နိုင်မယ့် 8MP Periscope ကင်မရာတို့ ပါမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 



ကျန်တဲ့ Features တွေအနေနဲ့ 4600mAh ဘက်ထရီ ၊ 80W Fast Charging နဲ့ 50W Wireless Charging စနစ်တို့ ပါလာမယ်လို့လည်း ပြောနေကြပါတယ်။ တရားဝင် မိတ်ဆက်လာမှပဲ ဒီအချက်အလက်တွေ မှန်မမှန် သိရမှာ ဖြစ်လို့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က