Vivo Fans တွေ ရွေးချယ်စရာ ဖြစ်လာဦးမယ့် Flagship ဖုန်းကို $550 ဝန်းကျင်နဲ့ ကြေညာလိုက်ပြီး မကြာခင် ထွက်လာမယ့် Nothing Phone 2 ပြိုင်ဖက် ဖြစ်လာမယ်လို့ ယူဆပါတယ်။
အထူးသဖြင့် $500 ကနေ $700 Range အတွင်း Hardware ပိုင်းသာမက Camera ပိုင်းကို အထူး အလေးထားလာတဲ့ တရုတ်ဖုန်း အများစုမှာ နှစ်သက်ဖွယ် Specification တွေနဲ့ အာရုံဖမ်းစားထားပြီး ဒီဇိုင်း အလှအပနဲ့ တမယ် ဆွဲဆောင်သလို ခံစားရစေပါတယ်။
ဒိအတွက် မရိုးမအီရအောင် X90s ကို ကြေညာလိုက်ပြီ ဖြစ်သလို ဇွန် 30 မှာ $550 နဲ့ ဝယ်နိုင်မှာပါ။
ရမယ့် Specs က Dimensity 9200+ Chipset နဲ့ ဖြစ်ပြီး High-end တွေချည်း ပစ်သုံးထားတယ် ဆိုတာကို 2800 x 1260p Resolution တပ်ထားတဲ့ 6.78” AMOLED Display ၊ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Primary Sensor အပြင် 120W Fast Charging စနစ်ပါတာနဲ့ တပ်အပ် ပြောနိုင်ပါတယ်။
X90s Display ဟာ 120Hz Refresh Rate ထောက်ပံ့ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage အမျိုးစား သုံးထားတယ် ၊ Main Camera ကို 50MP (1/1.49” Size ၊ 1µm Pixels) ရှိပြီး 12MP Ultra-wide တလုံး နဲ့ 50MP Tele Sensor ပါတယ်လို့ သိရပါတယ်။
Android 13 ကို OriginOS 3 နဲ့ မောင်းနှင်ထားတဲ့ X90s မှာ 4,810 mAh Battery ပါရှိပြီး ဝယ်ယူနိုင်တဲ့ Specs က အောက်ပါအတိုင်း ဖြစ်ပါတယ်။
Colours – White, Red, Green, Black
X90s – 8/256 - $550
X90s – 12/256 - $590
X90s – 12/512 - $650
Source: GSMArena