ပွဲစဉ်တလျှောက်လုံးလှောင်ပြောင်နေတဲ့ ပရိသတ်တွေကို လဲသေလိုက်လို့ ပြောခဲ့တာပါ။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့အပတ်က ခရစ်စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းပရိသတ်တွေရဲ့ပွဲစဉ်တလျှောက် လှောင်ပြောင်မှုတွေကို ဒုတိယပိုင်း လူစားလဲလှယ်ခံရချိန်မှာ ပြန်လည်တုံ့ပြန်ခဲ့တဲ့ ရှာခါရဲ့လုပ်ရပ်ကို ထောက်ခံခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ရှာခါဟာ ဒုတိယပိုင်း လူစားလဲလှယ်ခံရချိန်မှာ လှောင်ပြောင်နေတဲ့ပရိသတ်တွေဘက်ကို လှည့်ပြီး လဲသေလိုက်လို့ ပြောကြားခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက ရှာခါကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်ဖို့ နည်းပြအမ်မရီကို ဖိအားပေးနေကြပြီဖြစ်ပါတယ်။


ရှာခါဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းရဲ့တုံ့ပြန်မှုဟာ အာဆင်နယ်ပရိသတ်တွေဆီက စော်ကားမှုတွေ ရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ပြစ်တင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းခေါင်းဆောင် ရှာခါဘက်က အမြင်ကို နားလည်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး တခါတရံမှာ စိတ်လွတ်လက်လွတ်နဲ့ လုပ်မိတတ်တဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို လေးစားရပါမယ်”


“တခါတရံမှာ ကစားသမားတွေအတွက် မလွယ်ကူပါဘူး။ ကျွန်တော်တို့ အားလုံးအတွက်လည်း မလွယ််ပါဘူး”


“ကျွန်တော် ရှာခါကို နားလည်ပေးနိုင်ပါတယ််။ ဒီစိတ်ခံစားချက်၊ ဒီအခိုက်အတံ့မှာ စိတ်ထဲမှာ ဘာတွေဖြစ်နေမယ်ဆိုတာ ကျွန်တော် အတိအကျမသိပါဘူး”

“ဒါပေမယ့် အဲဒီအကြောင်းကို ပြောဖို့ ကျွန်တော်က သင့်တော်တဲ့သူမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တခါတရံမှာ ကျွန်တော်လည်း စိတ်လွတ်ပြီး ကိုယ့်ဘာသာကိုယ် မထိန်းနိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျား အဲဒီလိုမဖြစ်အောင် ကြိုးစားရမှာပါ”


“သူက အသင်းခေါင်းဆောင်ပါ။ ဘာလို့လဲဆိုတော့ သူက အဝတ်လဲခန်းမှာ ထူးခြားတဲ့တစုံတရာကို လုပ်ပိုင်ခွင့်ရှိတဲ့သူမို့လို့ပါ”


“တခါတရံ ခင်ဗျား စိတ်လွတ်သွားတဲ့အချိန်မှာ အဲဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒါက မေ့ဖျောက်ပြီး ရှေ့ကို ဆက်သွားရပါမယ်။ အနာဂတ်မှာ ပရိသတ်တွေအနေနဲ့ ခွင့်လွှတ်နိုင်ပြီး ရှာခါလည်း သူက ဘယ်လို မယုံကြည်နိုင်စရာကစားသမားလဲဆိုတာ ပြန်ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က