လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ ကြိုတင်ပြင်ဆင်နေသူပါ။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကရာဘောင်ဖလားပွဲစဉ်မတိုင်မီ အာဆင်နယ်ပရိသတ်တွေနဲ့ ကစားသမားတွေကို တစ်စုတစည်းတည်း အတူတကွရပ်တည်ကြဖို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ ပြီးခဲ့တဲ့ပွဲစဉ် ၆ ပွဲ လူစာရင်းမှာ တစ်ပွဲမှ ရွေးချယ်ခြင်းမခံခဲ့ရသူဖြစ်ပါတယ်။



အာာဆင်နယ်အသင်းအတွက် အိုဇေးလ်နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဟာ စက်တင်ဘာလ ၂၄ ရက်နေ့မှာ နော့တင်ဟမ်ဖောရက်စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်ဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပဲလေ့စ်နဲ့ ၂-၂ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ဆိုးရွားတဲ့ရလဒ်တွေနဲ့ အိုဇေးလ် ချန်လှ့်ခံရမှုနဲ့ တိုက်ဆိုင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တာကို အသင်းပရိသတ်တွေကိုယ်တိုင်က လှောင်ပြောင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရှာခါရဲ့ လုပ်ရပ်က အရိပ်မိုးသွားခဲ့ပြီး ရှာခါက ဥမင်အတွင်းမဝင်ရောက်မီ အသင်းပရိသတ်တွေကို လဲသေလိုက်လို့ ပြောခဲ့တာဖြစ်ပါတယ်။

“ကြီးမားတဲ့ပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ တစ်ခုတည်းသောနည်းလမ်းက တစ်ခုတည်းအဖြစ် အတူတကွရပ်တည်ကြဖို့ပါပဲ”လို့ အိုဇေးလ်က ၎င်းရဲ့အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က