သူက နှာခေါင်းပြင်ထားတာ ၂ လတောင်မပြည့်သေးပါဘူးတဲ့။

ထွန်းကိုကို တစ်ယောက် နှာခေါင်းခွဲစိတ်ပြီးတဲ့နောက်မှာ မိခင်ဖြစ်သူက ပြောလာတဲ့ စကားတစ်ခွန်းကို ဖွင့်ပြောပြလာပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ မျက်နှာဟာ အနည်းငယ်ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

Photo: Yanpaing Tun Ko

ထွန်းကိုကို ကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ခဲ့တာတွေ့ရပါတယ်။ ဒါကတော့နှာ ခေါင်းပြင်တာပါ။ ဒါကြောင့် လက်ရှိမှာ နှာခေါင်းပြင်ထားတဲ့ အခြေအနေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေ ပြောပြလာပါတယ်။

‘’ သူများတွေဆိုရင် နှာခေါင်းပြင်ပြီး ၃ လ၊ ၄ လလောက် အပြင်မထွက်ဘူးလို့ပြောတယ်။ ကျွန်တော်ကကျတော့ ၂ လအတွင်းမှာ ဘောလုံးလည်း ကန်ဖြစ်တယ်။ ပရဟိတတွေလည်း ဆက်တိုက်သွားဖြစ်တယ်။ ဘာမှတော့ မဖြစ်ဘူး။ လောလောဆယ် ပြင်ထားတဲ့ အရောင်ကတော့ ကျန်ဦးမယ် အသားမကျသေးဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်က ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Yanpaing Tun Ko

သူဟာ နှာခေါင်းပြင်လိုက်တဲ့အချိန်မှာ အရင်တုန်းကထက် ရုပ်အနည်းငယ်ပြောင်းလဲသွားတာ တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း ခွဲစိတ်ပြုပြင်ရတာ သိပ်မကြိုက်တဲ့သူဖြစ်တာကြောင့် နှာခေါင်း တစ်ခုတည်းကိုပဲ လိုအပ်လို့ ပြုပြင်တာပါလို့ ဆိုပါတယ်။

‘’နှာခေါင်းပြင်လိုက်တာ ရုပ်က တော်တော်ပြောင်းသွားတယ်။ တချို့က နှာခေါင်းတစ်ခုတည်း ပြင်ထားတယ်လို့ မထင်ဘူး။ အမှန်က နှာခေါင်းတစ်ခုတည်းပြင်ထားတာ။ နှာခေါင်းကိုတောင် အများကြီးပြင်ခိုင်းတာမဟုတ်ဘူး။ ကားနေတာလေးကို စုခိုင်းတယ်။ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ပြင်ထားတာပါ’’ လို့ သူကဆိုပါတယ်။

Photo: Yanpaing Tun Ko

ထွန်းကိုကိုဟာ နှာခေါင်းပြုပြင်ဖို့ကတော့ အရင်တုန်းကတည်းက စိတ်ကူးထားဖူးတဲ့ အရာပါလို့ဆိုပါတယ်။ မိခင်ဖြစ်သူကတော့ သိပ်သဘောမကျတဲ့ ပုံပဲလို့ ပြောပါတယ်။

‘’ အရင်တုန်းကလည်း နှာခေါင်းပြင်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ပြင်မယ်ဆိုရင်လည်း အကောင်းဆုံးဖြစ်မယ့် နေရာတွေ၊ တကယ်လည်း စိတ်ချရတယ်၊ အမှားအယွင်းလည်းမရှိတဲ့ ဆေးရုံမှာ ပြင်မယ်ဆိုတော့ ကိုရီးယားက ဆေးရုံက ကမ်းလှမ်းလာတော့ ကိုရီးယားသွားတဲ့အချိန်မှာ ပြင်ဖြစ်သွားတယ်။ နောက်ထပ်တော့ ဘာမှ မပြင်တော့ပါဘူး။ အမေကတော့ သူမွေးထားတာ အချောဆုံးပဲလို့ပြောတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။

Photo: Khaing Htet Naing

ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က