လေ့ကျင့်ရေးကွင်းက အဖြစ်အပျက်ကြောင့်ဖြစ်ပါတယ်။

အသင်းလေ့ကျင့်ရေးကွင်းမှာ ဆွာရက်ဇ်က သူ့ကို သိမ်ငယ်လာအောင် ပြုမူခဲ့တဲ့အပေါ် ဟန်ဒါဆန်က စိတ်ဆိုးဒေါသထွက်ခဲ့ပြီး သတ်ဖြတ်ချင်စိတ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။


လီဗာပူးလ်အသင်းခေါင်းဆောင်ဂျော်ဒန်ဟန်ဒါဆန်က တိုက်စစ်မှူးဟောင်းဆွာရက်ဇ်ကို သူ့အနေနဲ့ သတ်ချင်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အထိကို ဒေါသထွက်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းမှာ ဆွာရက်ဇ်က သူ့အပေါ် မလေးမစားပြုမူခဲ့တယ်လို့ ဟန်ဒါဆန်က ဖွင့်ဟခဲ့တဲ့အကြောင်းကို Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၁ မှာ ဟန်ဒါဆန်က ဆန်းဒါးလန်းကနေ ပေါင်သန်း ၂၀ နဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ သူ့ထက် ၆ လစောပြီး အန်ဖီးလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းမှာ ဆွာရက်ဇ်က သူ့ကို သိမ်ငယ်လာအောင် ပြုမူခဲ့တဲ့အပေါ် ဟန်ဒါဆန်က စိတ်ဆိုးဒေါသထွက်ခဲ့ပြီး သတ်ဖြတ်ချင်စိတ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

"အကောင်းဆုံးလုပ်ပြနိုင်ဖို့ ကျွန်တော်ကြိုးစားနေခဲ့ပါတယ်၊ ကျွန်တော်က လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ဆွာရက်ဇ်က ကျွန်တော့်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် သိမ်ငယ်နေအောင် ပြုလုပ်ခဲ့ပါတယ်၊ ဒါကို ကျွန်တော်မနှစ်သက်ခဲ့ပါဘူး၊ တစ်သင်းတည်းမှာ လေ့ကျင့်ခန်းဆင်းဖို့အတွက် မလုံလောက်ဘူးလို့ ကျွန်တော်ခံစားခဲ့ရပါတယ်"

"သူ့လက်တွေကိုမြှောက်ပြီး ေ-ာက်ရေးမပါတာကွာ၊ သူဘာတွေလုပ်နေတာလဲ၊ သူ ဒီမှာရှိမနေသင့်ဘူးလို့ ပြောနေခဲ့တာပါ၊ ဒါက ကျွန်တော့်ကို တကယ်နာကျင်စေခဲ့ပါတယ်၊ ဒီလိုမျိုး သူ ၃ကြိမ်လောက်လုပ်အပြီးမှာ ကျွန်တော် သူ့ကို သတ်ဖို့အထိတောင်မှ ဖြစ်ခဲ့ပါတယ်၊ ဒီလိုတွေဖြစ်ခဲ့ပေမယ့်လည်း သူနဲ့ ကျွန်တော်ဆက်ဆံရေးကောင်းတွေရှိနေခဲ့ပြီး နောက်ပွဲမှာ သူ့အတွက် ကျွန်တော်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်"

"သူနဲ့ကျွန်တော် တော်တော်လေးနီးနီးကပ်ကပ်ရှိနေခဲ့ပြီး သူက ကျွန်တော်နောက်ထပ်လေ့လာသင်ယူခဲ့ရတဲ့ ကစားသမားလည်းဖြစ်ပါတယ်" လို့ ဟန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဆွာရက်ဇ်က ဘာစီလိုနာမှာ ကစားနေပြီး ဟန်ဒါဆန်ကတော့ လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ်နဲ့ အဓိကနေရာကနေ ပါဝင်နေခဲ့ပြီလည်းဖြစ်ပါတယ်။

Share

က္က