တီမိုဝါနာရဲ့ ဒုတိယသွင်းဂိုးဟာ နာမည်ကျော်ဟော်လန်တိုက်စစ်မှူးဟောင်းဗန်ပါစီရဲ့ ဂိုးသွင်းဟန်နဲ့ တူညီနေခဲ့တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။
ဇင်းနစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ တဖက် ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် တိုက်စစ်မှူးတီမိုဝါနာက နှစ်ဂိုးအထိသွင်းယူခဲ့ကာ နောက်တဂိုးကိုတော့ လူကာကူက သွင်းယူပေးခဲ့ပါတယ်။ အပြန်အလှန်ဦးဆောင်နေခဲ့ကြပြီး ပွဲချိန်နောက်ဆုံးမိနစ်မှာ ဇင်းနစ်က ချေပဂိုးသွင်းယူပေးခဲ့လို့ အသင်းအတွက် ရှားရှားပါးပါး ဂိုးတွေသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဝါနာတယောက် သူရဲကောင်းဖြစ်မယ့်အနေအထားကို လွဲချော်ခဲ့ရပါတယ်။
အဆိုပါပွဲကိုတော့ ဟော်လန်နာမည်ကျော်ကွင်းလယ်လူဟောင်းဗန်ဒါဗတ်က အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့ပါတယ်။ Ziggo Spoorts အတွက် လုပ်ကိုင်ပေးခဲ့တာြဖစ်ပြီး ဒီပွဲအကြောင်းပြောနေချိန်မှာ တီမိုဝါနာရဲ့ ဒုတိယသွင်းဂိုးဟာ နာမည်ကျော်ဟော်လန်တိုက်စစ်မှူးဟောင်းဗန်ပါစီရဲ့ ဂိုးသွင်းဟန်နဲ့ တူညီနေခဲ့တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူဘ၀မှာ ယူနိုက်တက်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားနဲ့ နာမည်ကျော်တိုက်စစ်မှူးမက်ဆီတို့ကို အမြဲလိုလိုဝေဖန်လေ့ရှိတဲ့ ဗန်ဒါဗတ်က တီမိုဝါနာကိုလည်း အထင်ကြီးစိတ်မရှိဘူးလို့ ယူဆရပါတယ်။ ဝါနာကတော့ ချယ်လ်ဆီးမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပြီး လိုက်ဇစ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက တော်တော်လေးအဆင်မပြေဖြစ်နေတာလည်းဖြစ်ပါတယ်။