နန်းမြတ်တစ်ယောက် သားလေးကို ပြုစုနေရလို့ ခင်ပွန်းဖြစ်သူကိုတောင် မေ့နေတတ်တယ်လို့ ကိုတာတာမျိုးက စနောက်ခဲ့ပါတယ်။ လက်ရှိမှာလည်း နန်းမြတ်က အလုပ်ထက် သားလေးကို ပိုအချိန်ပေးနေတာ တွေ့ရပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းတစ်ယောက် သားလေးကို အချစ်တွေပိုနေလို့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်သေးဘူးလို့ဆိုပါတယ်။ အခုချိန်မှာတော့ သားလေးကို ပိုဂရုစိုက်ဖြစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’အခုချိန်မှာ သူ့ဘဝအတွက် အရေးကြီးဆုံးအချိန်ပေါ့နော်။ အရမ်းလည်းနုနယ်သေးတယ်။ ပြီးတော့ သူ့ရဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေက အရမ်းကို အရှိန်ကောင်းနေတဲ့အချိန်မှာ ကိုယ်က သေချာဂရုစိုက်ဖို့လိုတာပေါ့။ အနုပညာအလုပ်ဆိုတာကိုယ်အရမ်းဝါသနာပါတဲ့အလုပ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့သားလေးအတွက် အရေးကြီးတဲ့အချိန်မှာ နန်းမြတ်ရဲ့ အလုပ်ကို ဘေးခဏထားပြီးတော့ သူ့ကို ဂရုစိုက်ဖြစ်နေတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: A Linn Young
မကြာသေးခင်တုန်းကလည်း နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack နဲ့ အတူ ကြော်ငြာတွေရိုက်ထားတယ်လို့ ဆိုပါတယ်။
‘’ ကြော်ငြာရိုက်တွေ၊ ဓာတ်ပုံရိုက်တွေက အချိန်ပိုင်းဆိုတော့ လုပ်ဖြစ်တာပေါ့နော်။ အခုလည်း သားလေးနဲ့ ရိုက်ထားတဲ့ ကြော်ငြာလေးတွေရှိပါတယ်။ ကြော်ငြာရိုက်တုန်းကဆိုရင် ကိုယ်တွေနှစ်ယောက်က အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေကြတာ အမလေး လုပ်တတ်တယ်နော်။ ရယ်တယ်၊ ပြုံးတယ်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးကတော့ ဇနီးချောလေးက သားလေးအနားကပ်နေလို့ သူ့ကိုတောင် မေ့နေပါပြီလို့ စနောက်ခဲ့ပါသေးတယ်။
‘’ တော်တော့်ကို အလုပ်ရှုပ်တာပါ။ တစ်ခါတလေကျရင် ကျွန်တော့်ကိုတောင်မေ့တယ်။ သားလေးကို ပိုချစ်တယ်ဆိုတာတော့ သေချာတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့က ‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်လာရင်း သားလေးအကြောင်းတွေကို ရွှန်းရွှန်းဝေအောင် ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။
Photo: A Linn Young
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။နန်းမြတ်ဖြိုးသင်းဟာ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။