ပရိသတ်အချစ်တော်မလေး နီလန်းဟာ မကြာခင်မှာ သူ့ရဲ့ ကိုယ်ပိုင်သီချင်းလေးတွေကို အွန်လိုင်းက ပရိသတ်တွေဆီ ပို့ဆောင် ပေးတော့မှာ ဖြစ်ပါတယ်။ အရင်ကတည်းက Beauty Blogger အလုပ် လုပ်ခဲ့တာဖြစ်တဲ့အတွက် သူဝါသနာပါတဲ့ အလုပ် နှစ်ခုကို တွဲလုပ်မယ်လို့ ဆိုပါတယ်။
Photo: Nilan Facebook
Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲကြီးမှာ ပရိသတ်အားပေးမှု အများကြီးရရှိထားတဲ့ နီလန်းကတော့ မကြာခင်မှာ ပရိသတ်တွေ အတွက် ကိုယ်ပိုင်သီချင်းလေးတွေ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ သူဟာ Beauty Blogger အနေနဲ့လည်း ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် အနုပညာအလုပ်နဲ့ တွဲလုပ်သွားမယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
'' သီချင်းဘက်မှာဆိုရင် နီလန်းက အခု ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်။ ဒါပေမယ့် Album တော့ မဟုတ်သေးဘူး Single Song အနေနဲ့ အွန်လိုင်းမှာ တင်ဖို့ နီလန်း လုပ်ထားတယ်။ သီချင်း ၂ ပုဒ်လောက် လုပ်ထားတာပါ။ Beauty Blogger အလုပ်နဲ့ သီချင်းဆိုတဲ့ အလုပ်က အရမ်းကြီး မကွာဘူးလို့လည်း ထင်တယ်''လို့ ဆိုပါတယ်။
Photo: Nilan Facebook
နီလန်းဟာ အဆိုတော် တစ်ယောက်အနေနဲ့ရော Beauty Blogger တစ်ယောက် အနေနဲ့ပါ ဆောင်ရွက်ရတဲ့အတွက် အားသာချက်ကိုလည်း အခုလို ပြောပြလာပါတယ်။ ဒီအတွက်လည်း သူ့ရဲ့ ဝမ်းသာပီတိစကားကို ဆက်လက်ပြောပြလာပါသေးတယ်။
'' Show ပွဲတွေ ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် မိတ်ကပ်လိမ်းလို့ရတာကလည်း အားသာချက်တစ်ခုပေါ့နော်။ ၂၅ ရက်နေ့ဆိုရင် ပြက္ခဒိန် ကြော်ငြာရိုက်ဖို့ရှိတယ် နီလန်းကို Makeup Arist တစ်ယောက်အနေနဲ့ ပြန်ငှားတယ်။ ကိုယ့်ဘာသာကိုယ် ပြန်လိမ်းရမယ် ဆိုတော့ ဒီအလုပ် လမ်းကြောင်း ၂ ခုက အတူတူသွားလို့ရတယ်လို့ထင်တယ်'' လို့ သူကပြောပါတယ်။
Photo: Nilan Facebook
Myanmar Idol ပြိုင်ပွဲဝင်တွေဘက်က ရပ်တည်လိုက်တဲ့ အိမ့်ချစ်
နီလန်းဟာ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ အသားအရေကောင်းခြင်းတွေ အပေါ်မှာလည်း အရမ်းကို စိတ်ကျေနပ်မှု အပြည့်အဝရှိတယ်လို့ ဆိုပါတယ်။ အရပ်ပုတော့ အရပ်လေးတော့ ရှည်ချင်တယ် ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့က Ocean Supercenter ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' ဖြစ်ချင်တာကတော့ အရပ်ရှည်ချင်တာပေါ့နော်၊ အရပ်ပုတဲ့အခါကျတော့လေ။ ဒါပေမယ့် ဒီလိုလေးလည်း ကျေနပ်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ချစ်ဖို့ကောင်းတယ်။ အပြင်မှာ သေးသေးလေး ဆိုပြီးတော့ ပြောကြတယ်လေ အဲ့ဒီလိုမျိုးဆိုတော့ ကျေနပ်ပါတယ်။ပြီးတော့ ကိုယ့်ရဲ့ အသားအရောင်ကလည်း ညိုညိုလေးဆိုတော့ ကင်မရာစားတယ်လေ ကျေနပ်ပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Nilan Facebook
နီလန်းကိုတော့ Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲကြီးကနေ စပြီး ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ ပြိုင်ပွဲ ပြီးသွား တဲ့နောက်မှာလည်း ဖျော်ဖြေရေးတွေ အများကြီးရှိပါတယ်။ နီလန်းဟာ နာမည်ကျော်အဆိုတော် တွေရဲ့ သီချင်းတချို့ကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်အားပေးမှု အများကြီးရခဲ့ပါတယ်။