အရသာလည်းကောင်း ၊ ဈေးလည်းတန်၊ စေတနာလည်းထားတဲ့ ထမင်းပေါင်းဆိုင်လေး တစ်ဆိုင်ကို Duwun ပရိသတ်တွေအတွက် ဒီနေ့မှာ မိတ်ဆက်ပေးပါရစေ။
ထမင်းပေါင်းဆိုင်လေး စတင်ဖြစ်ပုံ
ဒီဆိုင်လေးရဲ့ အမည်က “ဦးရှည်ကြီး ထမင်းပေါင်းဆိုင်”ပါ။ ဆိုင်မဖွင့်ခင်က ဆရာသမားတွေဆီမှာ ပညာသင်ရင်း အလုပ်လုပ်ခဲ့ရတဲ့ နှစ်က (၅) နှစ်ကျော်ရှိပြီး ကိုယ်ပိုင်ဆိုင်လေးနဲ့ ရပ်တည်လာတာ (၁၅) နှစ်ရှိနေပါပြီ။ မိသားစု (၆) ဦးရဲ့ စားဝတ်နေရေးကို ထမင်းပေါင်းဆိုင်လေး ဖွင့်ရင်းနဲ့သာ ရပ်တည်ခဲ့တာလို့ သိရပါတယ်။
“ တကယ်တော့ ထမင်းပေါင်းဆိုင်ကို ဖွင့်ခဲ့တာက (၁၉)လမ်းက ဦးအာကျယ်၊ ဘားလမ်းက ဦးခင်မောင် နဲ့ မင်္ဂလာဈေးက ဦးဖက်တီး ဆိုတဲ့ ဆရာသမား(၃)ယောက်ဆီမှာ ပညာသင်ယူပြီးတော့ သူတို့တွေဆီကနေ ကိုယ်တတ်သမျှပညာတွေကို ပေါင်းစပ်ပြီး ပြန်ဖွင့်ခဲ့တာပေါ့နော်။ အရင်တုန်းကတော့ သူများဆိုင်မှာပဲ အကြော်ဆရာအနေနဲ့ ပညာသင်ရင်း အလုပ်လုပ်ခဲ့တာပါ။ အခုတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖြစ်တာ (၁၅) နှစ်ကျော်လာပြီ။ ” လို့ ဆိုင်ရှင် ဦးစန်းယု(ခေါ်) ဦးရှည်ကြီးက ပြောပါတယ်။
ဓာတ်ပုံ : စံပယ်သွင်
သန့်ရှင်းတဲ့
အစ
ားအစာဖြစ်ဖို့ ဒီလိုတွေပြင်ဆင်တယ်
ထမင်
းပေါင်းတစ်ပွဲ၊ အခေါက်၊အသား အသုပ်တစ်ပွဲဖြစ်ဖို့ နောက်ကွယ်မှာ ပြုလုပ်ရတဲ့ အချက်တွေက အများကြီးရှိပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး စားသုံးသူတိုင်း အရသာထိမိစေဖို့အတွက် ပြုလုပ်နည်းကိုလည်း ဦးရှည်ကြီးက အခုလို ပြောပါတယ်။
“ အခ
ေါက်ကင်ကို ကင်တာက ဂျင်း၊ ကြက်သွန်ဖြူကို အရေညှစ် ထည့်ပြီး တခြားဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပြီးတော့ ကင်ဖြစ်တာပေါ့။ အကင်အတွက် သီးသန့်ထုတ်ထားပြီး ဘေးဥပါဒ်မဖြစ်စေတဲ့ ဆိုးဆေးအကောင်းစားကိုလည်း ပါးပါးလေး အသုံးပြုပါတယ်။ ဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေက အခေါက်ကင်သုပ်၊ အသားကင်သုပ်၊ ထမင်းပေါင်း တို့ကို လောလောဆယ် ရတယ်။ နောက်ကျရင်တော့ တရုတ်အစားအစာ အစုံတင်ဖို့လည်း စီစဥ်ထားပါတယ်” လို့ ဆိုပါတယ်။
ဓာတ်ပုံ : စံပယ်သွင်
စားသုံးသူတိုင်းအပေါ်အယုတ်၊အလတ်၊ အမြတ်မရွေးစေတနာထားတဲ့ သူ့ရဲ့ဝန်ဆောင်မှု
ဒီဆိုင်လေးဆီကို ထမင်းစားချိန်ဆိုရင် ကုမ္ပဏီဝန်ထမ်းတွေ ၊ လက်လုပ်လက်စားသမားတွေ၊ သင်တန်းသားတွေအပြင် ကိုယ်ပိုင်ကားနဲ့ လာစားကြသူတွေလည်း ရှိပါတယ်။ လမ်းဘေးဆိုင်လေးဆိုပေမယ့် ဆိုင်စဖွင့်ကတည်းက စားသုံးသူတွေ မပြတ်သွားအောင် ရှိနေရတဲ့ လျှို့ဝှက်ချက်ကို ဦးရှည်ကြီးက
ရှင်းပြပါတယ်။
“ ဦးက သူများနဲ့ မတူအောင် ဟင်းကိုသေချာချက်တယ်။ ကိုယ့်ဆိုင်လာစားတဲ့ စားသုံးသူတိုင်းကို ဘုရားရှိခိုးတိုင်း မေတ္တာပို့ပေးတယ်၊ ဆုတောင်းပေးတယ်။ ဥပမာ ဆိုင်မှာ လာစားကြတဲ့ တချို့ ဆိုက်ကားသမားတွေ၊ ပစ္စည်းပို့တဲ့ကောင်လေးတွေဆိုရင် ပိုပိုသာသာထည့်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ခန္ဓာကိုယ်ကို ရင်းပြီး အလုပ်လုပ်နေရတာဖြစ်တာကြောင့် ခဏလေးနဲ့ ဗိုက်ချောင်မယ်ဆိုတော့ သူတို့လာစားရင် ပိုထည့်ပေးဖြစ်တာပါ။ ဆိုင်မှာ လာစားတဲ့ စားသုံးသူတိုင်းအပေါ် စေတနာထားတဲ့ အကျိုးကြောင့် ဦးဆိုင်ကို လာပိုစားကြတာ များမယ်လို့ ထင်ပါတယ်” လို့ ဦးရှည်ကြီးက ဆက်လက် ပြောပြခဲ့ပါသေးတယ်။
ဓာတ်ပုံ : စံပယ်သွင်
လူကြိုက်များပေမယ့်
ငွေကြေးအခက်အခဲကြောင့် ဆိုင်ခွဲမဖွင့်နိုင်သေး
ဦ
း
ရှည်ကြီး ထမင်းပေါင်းဆိုင်မှာ ထမင်းပေါင်းတစ်ပွဲကို (၁၅၀၀) ကျပ် ၊ အခေါက်ကင်သုပ်၊ အသားကင်သုပ်တို့ကို တစ်ပွဲ (၂၀၀၀) ကျပ်နဲ့ သွားရောက်အားပေးလို့ရပါတယ်။ အရသာကောင်းပြီး လူကြိုက်များတဲ့ ထမင်းပေါင်းဆိုင်လေးကို ငွေကြေးအခက်အခဲကြောင့် ဆိုင်ခွဲထပ်မဖွင့်နိုင်သေးဘူးလို့ ဆိုပါတယ်။
“ ဆိုင်မှာ အရင်တုန်းက ထမင်းပေါင်း တစ်ပွဲကို (၁၂၀၀) နဲ့ရောင်းတာ အခု (၁၅၀၀) ဖြစ်သွားတာ တစ်လလောက်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ (၂၀၀၀) ပေါ့။ တစ်နေ့ရောင်းအားကတော့ (၃)သိန်းဖိုးလောက်တော့ ရောင်းရပါတယ်။ ဆိုင်ခွဲတွေ မဖွင့်နိုင်သေးတဲ့ အကြောင်းက လူခွဲမရှိသေးတာရယ်၊ ဝန်ထမ်းတွေ ရှာရမယ့် အချက်ရှိမယ်၊ ပြီးတော့ ငွေရေးကြေးရေး အခက်အခဲလောက်နဲ့ ဆိုင်ဖွင့်လို့ရနိုင်မယ့် နေရာလေး ရှာရဦးမှာလည်း ရှိသေးတော့ အချိန်ကြာမှာဖြစ်တဲ့အတွက် မဖွင့်ဖြစ်သေးတာပါ” လို့ သိရပါတယ်။
ဓာတ်ပုံ : စံပယ်သွင်
ဦးရှည်ကြီးထမင်းပေါင်းကို အားပေးချင်တယ်ဆိုရင်တော့
ဦးရှည်ကြီးထမင်းပေါင်းဆိုင်လေးကတော့ ဒဂုံလွင်လမ်း နဲ့ ကမ္မဌာန်းလမ်းထိပ်(ရထားသံလမ်းအနီး)၊ မေတ္တာညွှန့် ရပ်ကွက်၊ တာမွေမြို့နယ် မှာပါ။ ရပ်ကွက်အတွင်းက ဆိုင်နဲ့အနီးဆုံး လမ်းတွင်းက မှာယူစားသုံးသူတွေကို ဆိုင်ဝန်ထမ်းကနေ တဆင့် ပို့ပေးတာဖြစ်ပြီး Online ကနေ မှာယူဖို့အတွက်တော့ ဝန်ဆောင်မှု မရသေးဘူးလို့ သိရပါတယ်။