Spicy Mala House ဆိုင်လေးဖြစ်ပါတယ်။

လူငယ်လေးတစ်ယောက်က သူ့ဖခင်ကို အလုပ်ပင်ပန်းမှာစိုးရိမ်စိတ်နဲ့ Spicy Mala House ဆိုတဲ့ ဆိုင်လေး ဖွင့်လိုက်တာပါ။ စျေးနှုန်းလည်းသင့်တင့်ပြီး ဆိုင်အပြင်အဆင်လေးက လူတိုင်းကို စိတ်အေးချမ်းမှုပေးနိုင်တဲ့ ခံစားချက်မျိုးဖြစ်တာကြောင့် Duwun အဖွဲ့သားတွေ အနေနဲ့ Spicy Mala House ဆိုင်လေးကို သွားရောက်ပြီး အခုလို မေးမြန်းခဲ့ပါတယ်။ 



Spicy Mala House စတင်ဖြစ်ပုံ 

ဓာတ်ပုံ - Spicy Mala House

"ကျွန်တော်က နယ်မှာကျောင်းတက်ပြီး အိမ်ကိုပြန်လာတဲ့အချိန်မှာ ကိုဗစ်တွေနဲ့ဆိုတော့ ဘာအလုပ်မှလဲ မရှိဘူး အဲဒီတော့ Food Panda နင်းတယ်။ အဲဒီအချိန်မှာ ဆိုင်တွေလည်း ပြန်ပြီးတော့ ထိုင်စားလို့ရနေပြီဆိုတဲ့အတွက် နေပူထဲမှာ တက္ကစီမောင်းနေရတဲ့ အဖေ့ကို ကားမမောင်းခိုင်းတော့ဘူး ကျွန်တော်လည်း Food Panda မနင်းတော့ဘဲနဲ့ အိမ်မှာပဲ မာလာရှမ်းကောဆိုင်လေး ဖွင့်ဖြစ်သွားတယ်။ ဆိုင်ကိုလည်း လူငယ်ဆန်ဆန်လေးဖြစ်အောင် စားပွဲက အစ ၊ အအေးခုံလေးတွေကိုရော သဘာဝဆန်ဆန်လေးတွေ လုပ်ထားတယ်။ အပင်လေးတွေနဲ့ ဆိုတော့ စိတ်လည်းအေးတယ်၊ ဆိုင်လည်း လှတယ်ပေါ့နော်။"

စားသုံးသူရဲ့ ကျန်းမာရေးကို ဦးစားပေးထားတယ်

ဓာတ်ပုံ - Spicy Mala House

"ဆိုင်မှာ ဆီကအစ ကျန်နေရင်တောင် မိသားစုစားဖို့ချက်တဲ့ ဟင်းထဲကို ထည့်သုံးတယ် နောက်နေ့ကျရင် ဆိုင်အတွက် ဆီကို သုံးတယ်။ ပြီးတော့ အချိုမှုန့် လုံးဝ မသုံးထားဘူး။ အစားအသောက်ကို သန့်ရှင်းအောင် ဆေးကြောတယ်၊ ချက်ပြုတ်တယ်။ ကိုယ့်မိသားစုစားတဲ့အတိုင်း စားသုံးသူတွေကို စားစေချင်တဲ့ ဆန္ဒနဲ့ ကျန်းမာရေးကိုလည်း အလေးထားတဲ့အနေနဲ့ ရောင်းပါတယ်။ အရင်ကဆိုရင် တစ်ပတ်ကို အမြတ် တစ်သိန်းလောက် ရရင် အခု (၅)သောင်းလောက်ပဲရတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်စျေးနှုန်းတွေက အရမ်းတက်လာတယ် ဒါပေမယ့် ဆိုင်မှာ ရနိုင်မယ့် အစားအသောက်တွေကို စျေးမတက်ချင်ဘူး။ အမြတ်နည်းရင် နည်းပါစေ စားသုံးသူတွေ အဆင်ပြေရင် ကျေနပ်ပြီဆိုတဲ့ စိတ်နဲ့ ဆိုင်လေးကို ဖွင့်ဖြစ်သွားတာပါ"

Spicy Mala House ကို သွားမယ်ဆိုရင်

ဓာတ်ပုံ - Spicy Mala House

Spicy Mala House မှာဆိုရင် မာလာရှမ်းကော၊ မာလာအကင်သုပ် ၊ တရုတ်အစားအစာများ နဲ့ အအေးမျိုးစုံတို့ကို အများဆုံး ငွေကျပ်(၆၅၀၀) ကနေ အနည်းဆုံး (၇၀၀) ကျပ်အထိ အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ စားလို့ရနိုင်အောင် ရောင်းချပေးတာ တွေ့ရပါတယ်။ ဆိုင်ထဲကို ဝင်သွားလိုက်တာနဲ့ ဆိုင်အပြင်အဆင်လေးတွေကြောင့်သာမက ဆိုင်ရှင်တွေရဲ့ နွေးထွေးပျူငှာမှုတွေကြောင့် စိတ်အေးချမ်းရမှာ မလွဲမသွေပါပဲ။ ဒီဆိုင်လေးကို တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ အနော်မာ(၃)လမ်း၊ အိမ်အမှတ် (၁၁၆) မှာ ဖွင့်လှစ်ထားတာပါ။ ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09253046960 , 09254967913 နဲ့ 09250677346 တို့ကို ဖုန်းဆက် လှမ်းမှာလို့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က