ဆယ်ကျော်သက်တွေအတွက် Social Media ကနေ ခဏနား Take a Break လုပ်ဖို့ feature တစ်ခုလည်း ကြေညာထားပါတယ်။

တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် လူမှုကွန်ရက်ပြတ်တောက်မှု ဖြစ်ပြီးတဲ့နောက် Instagram ဟာ outage ဖြစ်ကြောင်း အသိပေးချက်ကို Apps ထဲမှာ ထည့်သွင်းဖော်ပြသွားဖို့ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ 


အောက်တိုဘာလဆန်းပိုင်းက Facebook ပိုင် လူမှုကွန်ရက် Apps တွေ ၆ နာရီကျော်ကြာ Offline ဖြစ်သွားပြီးတဲ့နောက် ယာယီကွန်ရက်ပြတ်တောက်ချိန် Instagram မှာ သတိပေးချက် ဖော်ပြဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ အခု စမ်းသပ်မှုအရ Instagram ဝန်ဆောင်မှု ပြတ်တောက်သွားရင် ဖြစ်ဖြစ် နည်းပညာပိုင်းအရ ထိန်းသိမ်းပြင်ဆင်မှုတွေ လုပ်နေရင်ဖြစ်ဖြစ် လူမှုကွန်ရက်သုံးသူတွေကို အသိပေး (Noti) ပြသွားမှာ ဖြစ်ပါတယ်။ 




Photo: Engadget


အသိပေးချက်တွေကို သုံးသူတွေရဲ့ Activity Feed မှာ ဖော်ပြသွားမှာ ဖြစ်သလို တခြား Apps အတွင်း in-apps noti ထဲမှာလည်း အသိပေးမှု လုပ်သွားမှာပါ။ အသိပေးချက်မှာ ဖော်ပြမယ့် မက်ဆေ့မှာ ပြဿနာအကြောင်းအသေးစိတ် ဖော်ပြသွားမှာပါ။ ဥပမာ- Story upload တင်မရတာ ဒါမှမဟုတ် အရင်နှစ်ပတ်တုန်းက ပြတ်တောက်သလိုမျိုး Global outage ဖြစ်တာလားဆိုတာမျိုး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

Instagram အနေနဲ့ ဖြစ်သမျှ ပြဿနာတိုင်းတော့ သုံးစွဲသူကို အသိပေးသွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒီအချက်ဟာ ဒွိဟဖြစ်ရာတော့ ကောင်းနေပါတယ်။

"ဝန်ဆောင်မှုပြတ်တောက်မှု ဖြစ်တဲ့အချိန်တိုင်းတော့ Notification ပို့သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူတွေအနေနဲ့ ဘာမှန်းမသိဖြစ်နေပြီး အဖြေတောင်းလာတာမျိုး ရှိရင် ပိုရှင်းအောင် လုပ်ပေးနိုင်တာမျိုး ရှိမလားဆိုတာ ဆုံးဖြတ်သွားမှာပါ"လို့ Instagram က ဆိုပါတယ်။ 

ကုမ္ပဏီအနေနဲ့ ဒီ features ကို လာမယ့်လအနည်းငယ်အတွင်း အမေရိကန်မှာ စမ်းသပ်သွားမယ်လို့လည်း ပြောပါတယ်။ Instagram ဟာ အကောင့်နဲ့ပတ်သက်ပြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို အသိပေးမယ့် Account Status ဆိုတဲ့ section သစ်လည်း ထုတ်ပြထားပါတယ်။ ဒီ section ကနေ Instagram ကနေ ဖယ်ရှားခံရတဲ့ ပို့စ်တွေအကြောင်းနဲ့ အကောင့်တစ်ခုဟာ လူမှုကွန်ရက်စည်းမျဉ်းတွေ ချိုးဖောက်ထားလို့ အပိတ်ခံရနိုင်ခြေရှိတဲ့အခါမျိုးမှာ အသိပေးတာမျိုး လုပ်ဆောင်သွားမှာပါ။ 


Photo: Engadget


Account Status ကဏ္ဍဟာ သုံးစွဲသူတွေကို ဘာကြောင့် ပို့စ်တွေ ဖယ်ရှားတယ်။ အကောင့်ဆုံးရှုံးနိုင်ခြေ ရှိနေတယ်/မရှိဘူးဆိုတာတွေကို လွယ်လင့်တကူ အသိပေးဖို့ ဖန်တီးလိုက်တာလို့ ဆိုပါတယ်။ Instagram ဟာ ဆယ်ကျော်သက်အရွယ် လူမှုကွန်ရက်သုံးစွဲသူတွေအတွက် စိတ်ပိုင်းဆိုင်ရာအန္တရာယ်ရှိတဲ့ ပလက်ဖောင်းအဖြစ် စွပ်စွဲခံထားရတာကြောင့် ဒီစွပ်စွဲချက်ကို ဖြေရှင်းနိုင်ဖို့ အန္တရာယ်ရှိတဲ့ Content တွေကို ဖယ်ရှားဖို့နဲ့ လူမှုကွန်ရက်သုံးတာကနေ ခဏနား Take a Break လုပ်ဖို့ feature တစ်ခုလည်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က