AIA Myanmar ရဲ့ Corporate Solutions အာမခံအမျိုးအစားကတော့ ကော်ပိုရိတ်ဝန်ထမ်းတွေအတွက် စိတ်အေးချမ်းလုံခြုံမှု၊ ပြည့်စုံတဲ့ အာမခံအကာအကွယ် နဲ့ လုံးစုံသုခပြည့်၀ချမ်းသာရေးတို့ကို ဖန်တီးပေးနိုင်မယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အဖွဲ့လိုက် အသက်နှင့် ကျန်းမာရေးအလုံးစုံ အာမခံအစီအစဉ်ဟာ ဝယ်ယူသူများစိတ်ကြိုက် ရွေးချယ် ထားရှိနိုင်တဲ့ အာမခံ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
စိတ်အေးချမ်းလုံခြုံမှုကို အပြည့်အဝပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထား
AIA Corporate Solutions အာမခံတွင် ကော်ပိုရိတ်လုပ်ငန်းအရွယ်အစား မျိုးစုံအတွက် သင့်တော်တဲ့ အာမခံအမျိုးအစား အစုံအလင်ပါရှိပြီး ကော်ပိုရိတ်တွေအနေနဲ့ ဝန်ထမ်းတွေ လိုအပ်နေတဲ့ အသက်နှင့် ကျန်းမာရေး အာမခံအကာအကွယ် ထားရှိပေးခြင်းဖြင့် စိတ်အေးချမ်းလုံခြုံမှုကို အပြည့်အဝပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အာရောဂျံ အစီအစဉ်လည်း ထည့်သွင်းထား
AIA Myanmar ရဲ့ Corporate Solutions အာမခံထားရှိမယ်ဆိုရင် ကုမ္ပဏီ၀န်ထမ်းတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ၊ လူမှုရေးပိုင်းဆိုင်ရာတို့မှာ အလုံးစုံ ကျန်းမာ သုခတွေ ပြည့်စုံစေဖို့ ပံ့ပိုးပေးမယ့် အာရောဂျံအမည်ရှိ လုံးစုံသုခပြည့်၀ချမ်းသာရေး အစီအစဥ်တစ်ခုကိုလည်းအခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။
AIA မှာ အာမခံထားမယ်ဆို ဘာတွေ ပြန်ရမှာလဲ
AIA Myanmar ရဲ့ အသက်အာမခံအမျိုးအစားတွေမှာတော့ ဝန်ထမ်း သေဆုံးမှု၊ မတော်တဆမှုကြောင့် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှု၊ ကင်ဆာလို မိသားစုအတွက် ငွေကြေးပူပင်သောကကြီးမားစေမယ့် မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ အတွက် ၀န်ထမ်းမိသားစုတွေ အတွက် ပြည့်စုံတဲ့ အကာအကွယ်အကျိုးခံစားခွင့်တွေ ပါဝင်ပါတယ်။ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ကို တွေ့ကြုံရတဲ့ ဝန်ထမ်းဟာ မိသားစုရဲ့ အဓိက ဝင်ငွေရှာပေးနေသူဆိုရင်တော့ AIA Myanmar က တစ်လုံးတည်း ပေးအပ်မယ့် အာမခံထားငွေဟာ ၀န်ထမ်းမိသားစုရဲ့ ဆုံးရှုံးသွားတဲ့ ၀င်ငွေနေရာမှာ အစားထိုးစီမံနိုင်မှာပါ။
AIA Myanmarရဲ့ ကျန်းမာရေးအလုံးစုံအာမခံအမျိုးအစား
AIA Myanmar ရဲ့ ကျန်းမာရေးအလုံးစုံအာမခံအမျိုးအစားကို ၂၀၂၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
ဆေးရုံတက်ခြင်း၊
ခွဲစိတ်ကုသခြင်း၊
အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊
ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း၊
ဆရာဝန်နဲ့ ဆွေးနွေးခြင်း၊
အခြားကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်တွေနဲ့ စပ်လျဥ်းတဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေအတွက် အာမခံလျော်ကြေးငွေပေးအပ်ခြင်းတွေက
မိသားစုအတွက် ငွေကြေးဆိုင်ရာဝန်ထုတ်ဝန်ပိုးကို လျော့ကျစေတဲ့အတွက် မိသားစု စုဆောင်းငွေကိုလည်း ထိခိုက်မှု မရှိနိုင်တော့ပါဘူး။
AIA ဟာ ကမ္ဘာတစ်ဝန်းက ဆေးရုံပေါင်း ၆၈၀၀ ကျော်နဲ့ မြန်မာပြည်တွင်း ဆေးရုံဆေးခန်းပေါင်း ၂၆ ခုနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ ပြည်တွင်းပြည်ပ ဆေးကုသမှုစရိတ်တွေအတွက် ငွေသားပေးစရာမလိုတဲ့ ၀န်ဆောင်မှုကို စျေးကွက်အတွင်းမိတ်ဆက်ထားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေအနေနဲ့ မမျှော်လင့်ထားတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ရင်ဆိုင်ရတာမျိုး ဖြစ်ခဲ့ရင်လည်း ဆေးကုသမှုကုန်ကျစရိတ်အတွက် ပူပန်စရာမလိုတော့ပါဘူး။
မြန်မာနိုင်ငံစျေးကွက်အတွင်း ပထမဆုံးနဲ့ အထူးခြားဆုံး အကျိုးခံစားခွင့်
ဒီအာမခံအမျိုးအစားတွေရဲ့ အကျိုးခံစားခွင့်တွေဟာ မြန်မာနိုင်ငံစျေးကွက်အတွင်း ပထမဆုံးနဲ့ အထူးခြားဆုံး အကျိုးခံစားခွင့်တွေပါ။ အလုပ်ရှင်တွေဘက်က လိုအပ်တဲ့ အကာအကွယ်နဲ့ အကျိုးခံစားခွင့်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှု၊ ဝန်ထမ်းအသက်အရွယ်အလိုက် ဒါမှမဟုတ် ရွေးချယ်ထားတဲ့ အကျိုးခံစားခွင့်များ အပေါ်မူတည်ပြီး အာမခံကြေးစျေးနှုန်း၊ ဝန်ထမ်းတွေအပေါ် မှီခိုသူတွေအတွက်လည်းအကာအကွယ်၀ယ်ယူနိုင်ခြင်း အပြင် အခြားသော အကျိုးခံစားခွင့် များစွာပါဝင်ပါတယ်။
AIA Myanmar ရဲ့ CEO Vivek Aranha က “အာရှရဲ့ အသက်အာမခံ နဲ့ ကျန်းမာရေး အာမခံလုပ်ငန်းကဏ္ဍမှာ အကြီးဆုံးဖြစ်တဲ့ AIA Group မှာ တစ်ဦးချင်းအာမခံထားသူ ၄၁ သန်းကျော်ရှိပြီး အဖွဲ့လိုက်အာမခံထားသူ ၁၇ သန်းကျော်ရှိပါတယ်။ အဲ့ဒီအထဲက အများစုက ကော်ပိုရိတ်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့က အာရှပစိဖိတ်ဒေသတွင်း မှာ Corporate Solutions တွေ အဓိက ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်ငန်းစတင်လည်ပတ်ချိန်ကတည်းက လူ့အဖွဲ့အစည်းအပေါ် ကောင်းမွန်စွာအကျိုးပြုနိုင်ရန်နဲ့ ကော်ပိုရိတ်လုပ်ငန်းတွေပိုမိုကောင်းမွန်လာစေဖို့ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး အခြားသော စျေးကွက်တွေမှာ ရှိနေတဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ဖို့ အစဉ်ကြိုးစားခဲ့ပါတယ်။ ဝန်ထမ်းတွေက လုပ်ငန်းခွင်ရဲ့ အရေးကြီးဆုံးစွမ်းအား အရင်းအမြစ်ဖြစ်တာကြောင့် ဝန်ထမ်းတွေကို ရေရှည်မှာ ကူညီဖေးမပြီး အကာအကွယ်ပေးနိုင်ရေးက အဖွဲ့အစည်းတိုင်းရဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ AIA Myanmar အနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး နဲ့ သာယာဝပြောရေးကို ပိုမိုကောင်းမွန်အောင် ကူညီပေးခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်းတွေကို ပံ့ပိုးပေးလျက် ရှိပါတယ်။
အခြားစျေးကွက်တွေကကျွန်တော်တို့ရဲ့အတွေ့အကြုံတွေအရ ဒီ လုံးစုံသုခပြည့်၀ချမ်းသာရေးအစီအစဉ်တွေဟာ လုပ်ငန်းခွင်က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းစွမ်းရည်ကို ပိုကောင်းစေဖို့ မြှင့်တင်ပေးတဲ့အပြင် ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပိုမိုပျော်ရွှင်စေတာကြောင့် ကော်ပိုရိတ်တွေအတွက် အကျိုးရလဒ်အနေနဲ့က အာမခံ အကာအကွယ် ပေးတယ် ဆိုတာထက် ပိုပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့လိုအပ်ချက်နဲ့ကိုက်ညီမှုရှိတဲ့ လုံးစုံသုခပြည့်၀မှု အကျိုးခံစားခွင့်တွေကို ရရှိတဲ့အခါမှာ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းအားကို ပိုမိုကောင်းမွန်လာစေပြီး လုပ်ငန်းတစ်ခုလုံးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က ပြောင်းလဲနေတဲ့ စျေးကွက်နဲ့ ဝန်ထမ်း၊ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အစီအစဉ်အသစ်တွေကိုလည်း ဖန်တီးနိုင်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။
AIA Myanmar ရဲ့ Corporate Solutions အာမခံအစီအစဥ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို AIA Myanmar ဝက်ဘ်ဆိုဒ် https://www.aia.com.mm/mm/our-products/corporate-solutions.html မှာ ကြည့်ရှုနိုင်သလို ပိုမိုသိရှိလိုပါက MM.CorporateSolutions@aia.com သို့ ဆက်သွယ် စုံစမ်း နိုင်ပါတယ်။
Share