Xiaomi စီးရီးသစ်ပါ

တစ်လကို အင်တာနက် ဒေတာ 10GB နှုန်းနဲ့တစ်နှစ်လုံး အခမဲ့ ပေးသုံးသွားမယ့် ဖုန်းမော်ဒယ်သစ်ကို Xiaomi က လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။

         Xiaomi Mi Play ကို တရုတ်ဈေးကွက်မှာ ပထမဆုံး စတင် မိတ်ဆက်သွားမှာ ဖြစ်ပြီး မိုဘိုင်းလ်ဂိမ်းသမားတွေအတွက် ဦးတည် ထွက်လာဖို့ရှိပါတယ်။ Xiaomi Mi Play ဟာ PUBG Mobile လိုမျိုး high-end ဂိမ်းတွေ ကစားရာမှာ အသံ ၊ ဂရပ်ဖစ် နဲ့display ပိုင်းအတွက် အကောင်းဆုံးခံစားမှု ပေးနိုင်တဲ့ ဖုန်းအဖြစ် မိတ်ဆက်သွားမယ်လို့ယူဆရပါတယ်။ 

         အရင် Redmi စီးရီးတွေနဲ့မတူတဲ့အချက်က Mi Play မော်ဒယ်သစ်ဟာ သတ္ထုစပ် ကိုယ်ထည်နဲ့လာပြီး ကျောဘက်မှာ မှန်ပုံစံ panel သုံးသွားမှာပါ။ နောက်တစ်ချက်က Xiaomi ဖုန်းတွေထဲမှာ ရေစက်ပုံစံ notch ကို ပထမဆုံး သုံးတဲ့ ဖုန်းလည်း ဖြစ်ဖို့ရှိပါတယ်။ ရုပ်ထွက်ကောင်းတဲ့ ဖုန်းတစ်လုံးအနေနဲ့Mi Play ကို မြင်ရမှာ ဖြစ်ပြီး ဂိမ်း ၊ ဗွီဒီယိုကြည့်တာနဲ့အသံအရည်အသွေးပိုင်းကို ဦးစားပေးတဲ့ ဖျော်ဖြေရေးသုံး ဖုန်း ဖြစ်မယ်လို့သတင်းထွက်ထားပါတယ်။

         processor အနေနဲ့Qualcomm ရဲ့ octa-core processor ကို သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် dual rear cameras တွေနဲ့လက်ဗွေဖတ်စနစ် တို့ပါဝင်မှာပါ။ မျက်နှာပြင် ၅.၈၄ လက်မ Full HD+ (2280 x 1080 pixel) ရုပ်ထွက်ပါတဲ့ ဒီဖုနု်းရဲ့ display ဟာ curved glass မှန်ပြင်ဖြစ်ပါတယ်။ Xiaomi ဟာ Mi Play စီးရီးတွေမှာ ပေါ့ပါး ခေတ်မီတဲ့ ဒီဇိုင်းကိုပဲ ဆက်သုံးသွားဖို့ရှိပါတယ်။

         RAM / storage ဗားရှင်း ၃ မျိုးနဲ့လာမယ်လို့ယူဆထားပြီး ဘက်ထရီကိုတော့ 3000 mAh ဘက်ထရီကို သုံးမယ်လို့ဆိုပါတယ်။ ကင်မရာပိုင်းအနေနနဲ့ကျောဘက် 12MP ကင်မရာနဲ့5MP နှစ်လုံးတွဲကင်မရာ စနစ်ကို သုံးသွားပြီး ရှေ့ဘက်မှာ 8MP ဆယ်ဖီကင်မရာ ပါရှိပါတယ်။ အခုချိန်ထိတော့ Xiaomi Mi Play မှာ သုံးမယ့် ဆော့ဖ်ဝဲလ်ဗားရှင်းအကြောင်း မသိရသေးပါဘူး။

 Photo: GSMArena

        Xiaomi Mi Play ဟာ အနက် ၊ အပြာနဲ့ရွှေ ကာလာ ၃ ရောင်နဲ့ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်းကို ဒီဇင်ဘာ ၂၄ ရက်နေ့သိရမှာပါ။

Share

Loading Next Article...
က္က