Notch Screen ပါဝင်တဲ့ဖုန်းဒီဇိုင်းကိုကြိုက်နှစ်သက်သူတွေရှိသလို သိပ်သဘောမတွေ့ကြတဲ့သုံးစွဲသူတွေလည်း ရှိနေပါတယ်။
 

မိုဘိုင်းဖုန်းတွေရဲ့ ကနဦးမျက်နှာပြင်ဒီဇိုင်းက လေးထောင့်ဆန်ဆန်ကိုအခြေခံပြီး ဘေးဘောင်အကျဉ်းအကျယ်တွေနဲ့ ဖန်တီးပေါ်ထွက်လာခဲ့ခြင်းဖြစ်သလို ပုံမှန် 16:9 aspect ratio အရွယ်အစားရှိတဲ့ Screen တွေနဲ့သာ မိုဘိုင်းဖုန်းသုံးစွဲသူတွေပိုမိုရင်နှီးထိတွေ့ခဲ့ကြရပြီး ဖုန်းမျက်နှာပြင်ဒီဇိုင်းပိုင်းလှပဆန်းသစ်မှုကိုကြီး ကြီးမားမား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါဘူး။

OPPO အနေနဲ့ ၂ဝ၁၆ အစောပိုင်းမှစတင်ကာ ကင်မရာအသားပေး F series ဖုန်းတွေကိုမိတ်ဆက်ပေးခဲ့ပြီး F1, F1s, F1 Plus, F3 Plus, F3 စတဲ့ထုတ်ကုန်တွေမှာ 16:9 aspect ratio မျက်နှာပြင်အရွယ်စားတွေကိုသာအဓိကထား အသုံးပြုခဲ့ပါတယ်။

၂ဝ၁၇ အကုန်ပိုင်းမှာ ဖုန်းမျက်နှာပြင်ဒီဇိုင်းအချိုးအစားကို မျက်နှာပြင်အပြည့်ပုံစံအဖြစ် မိတ်ဆက်ဖန်တီးပေးခဲ့ရာမှာ ပုံမှန် 16:9 aspect ratio မှ 18:9 aspect ratio အထိ တိုးမြင့်လာခဲ့ပြီး ဖုန်း၏မျက်နှာပြင်ကိုကြည့်ရှုအသုံးပြုရတဲ့ Viewing Experience တွေပိုမိုကောင်းမွန်လာခဲ့ပါတယ်။

အဆိုပါဖုန်းတွေမှာ OPPO F5 series တွေကအဓိကပါဝင်ခဲ့ပြီး သုံးစွဲသူတွေပိုမိုတောင့်တခဲ့ကြတဲ့ bezel less ဘေးဘောင်ကျဉ်းဒီဇိုင်းကို ပိုမိုအသက်သွင်းပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂ဝ၁၈ နှစ်လယ်လောက်မှာမိတ်ဆက်ပေးခဲ့တဲ့ OPPO F7 series ထုတ်ကုန်တွေမှာတော့ မျက်နှာပြင်အချိုးအစားက 19:9 aspect ratio အထိရောက်ရှိလာခဲ့သလို မိုဘိုင်းလောကရဲ့ ခေတ်ရေစီးကြောင်း ဒီဇိုင်းဖြစ်တဲ့ Notch Screen အဖြစ်ပါပေါ်ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့သုံးစွဲသူတွေကြားမှာ  Notch Screen ပါဝင်တဲ့ဖုန်းဒီဇိုင်းကိုကြိုက်နှစ်သက်သူတွေရှိသလို သိပ်သဘောမတွေ့ကြတဲ့သုံးစွဲသူတွေလည်း ရှိနေပါတယ်။

ဖုန်းတစ်လုံးကို ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ်သာမက ကိုယ့်နေ့စဉ်ဘဝရဲ့ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်ခု အဖြစ်ပါ ရည်ရွယ်အသုံးပြုလာကြတဲ့ လူငယ်ထုတွေက မျက်နှာပြင်တီထွင်ဆန်းသစ်မှုကို ပိုမိုတောင်းဆို လျက်ရှိကြောင်း ဈေးကွက်အသံတွေက သက်သေထူလျက်ရှိတာကြောင့် OPPO က ပုံမှန် Notch Screen ရေစီးကြောင်းကနေ ပိုမိုဆန်းသစ်စေမယ့် ရေစက်ပုံစံမျက်နှာပြင်လို့ခေါ်ဝေါ်တဲ့ Waterdrop Screen ဖုန်းတွေကိုတိုးတက် ထုတ်လုပ်လာခဲ့ရာ အခုဆိုရင် OPPO F9 စမတ်ဖုန်းမှာ Waterdrop Screen ကို စတင်တွေ့ရှိရတော့မှာပဲဖြစ်ပါတယ်။

ယခုရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကြောင့် ဖုန်းကိုကြည့်ရှုအသုံးပြုရာမှာ ပိုမိုကျယ်ဝန်းပြည့်ဝတဲ့ မြင်ကွင်းစနစ်ကိုရရှိမယ့် အပြင် 19.5:9 aspect ratio အချိုးအစားကြောင့် ဘေးဘောင်တွေကလည်း ယခင်ထက်ပိုပါးကာ ကျစ်လျစ်လာမှာ ဖြစ်ပါတယ်။

ပထမဆုံးထူးခြားဆန်းသစ်ပြီး ဖုန်းရဲ့မြင်ကွင်းကြည့်ရှုမှုကိုပါပိုမိုအားကောင်းသွားစေမယ့် ပထမဆုံး Waterdrop Screen မျက်နှာပြင်သုံး OPPO F9 ကို လာမည့်သြဂုတ်လ ၃ဝရက်မှာ မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က