5G ကွန်ရက် သုံးနိုင်ပြီး ဘေးဘောင်အကွေးညွတ်ဆုံး Waterfall screen ဒီဇိုင်းသုံးထားတဲ့ Vivo NEX 3 5G ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။
ရှေ့တစ်ခြမ်းလုံး မှန်ပြင်ချည်းလို့ဆိုရလောက်အောင် Screen-To-Body အချိုးအစားဟာ ၉၉.၆% ရှိတဲ့ Vivo NEX 3 5G ဟာ ၂၀၂၀ မှာ မြင်ရမယ့် ဖုန်းတွေရဲ့ ရှေ့ဆောင်ဒီဇိုင်းလို့ဆိုရမှာပါ။ Waterfall FullView OLED display ဟာ ဘေးဘောင်ကို ၉၀ ဒီဂရီနီးပါးအထိ ကွေးလိုက်တာကြောင့် အမြင့်ဆုံး screen-to-body အချိုးပါရှိလာတာ ဖြစ်ပါတယ်။
Photo: moneycontrol
နောက်ထပ် ကြိုဆိုရမယ့်အချက်က physical keys တွေ မသုံးတော့တာပါပဲ။ ဒီအစား Touch Sense လို့ခေါ်တဲ့ အထိအတွေ့အာရုံခံ virtual buttons စနစ်တွေ သုံးသွားတာ ဖြစ်ပါတယ်။ ဒီနည်းပညာမျိုးကို portless / buttonless ဖုန်း Vivo Apex 2019 concept မော်ဒယ်မှာ မိတ်ဆက်ပြီးသားပါ။
ဒါနဲ့အတူ နောက်ထပ်ပါလာတဲ့ feature ကတော့ X-Axis Haptic လို့ခေါ်တဲ့ ထိတွေ့မှုပိုင်းမှာ ပိုပြီး သက်တောင့်သက်သာ ရှိစေမယ့် တုန်ခါမှုစနစ်ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၈၉ လက်မ screen ဟာ curved display ဒီဇိုင်းကြောင့် ကိုယ်ထည်ပိုသေးသွယ်သွားပါတယ်။
Vivo NEX 3 5G ရဲ့ display ဟာ Side Ambient Light လို့ခေါ်တဲ့ ဖုန်းကို မှောက်ထားချိန်မှာ သီချင်းနဲ့noti တွေ ဖွင့်ထားချိန်မှာ ရောင်စုံအလင်းတန်းတွေ ဖုန်းဘေးကိုယ်ထည် နှစ်ဖက်ကနေ ပြနေစေမယ့် feature လည်း ထည့်ပေးထားပြီး လိုသလို အဖွင့်အပိတ် လုပ်နိုင်ပါတယ်။
ဖုန်းမှန်ပြင်ကို မထိခိုက်စေဖို့အတွက် အကြမ်းခံမှု မြင့်မားတဲ့ Xensation Up မှန်နဲ့ကာထားပါတယ်။ မှန်ပြင်ရဲ့ အောက်မှာတော့ in-display လက်ဗွေစနစ် ထည့်ပေးထားပါတယ်။ 4G နဲ့5G ဗားရှင်း နှစ်မျိုးနဲ့လာတဲ့ Vivo NEX 3 ဟာ Snapdragon 855 Plus processor နဲ့လာပြီး vapor chamber အအေးခံစနစ် ပါရှိပါတယ်။
RAM 8GB နဲ့12GB နှစ်မျိုး ထွက်ထားပြီး storage ကတော့ 256GB သုံးထားတာပါ။ 4500 mAh ဘက်ထရီဟာ 44W Fast Charging ပံ့ပိုးမှုနဲ့လာတာ ဖြစ်လို့၆၄ မိနစ်လောက် အားသွင်းတာနဲ့ဖုန်းအားပြည့်မယ်လို့ဆိုပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက စက်ဝိုင်းပုံစံ သုံးလုံးတွဲ ကင်မရာ module ပါပဲ။
Vivo ကတော့ ဒီကင်မရာ ဒီဇိုင်းကို Lunar Ring လို့နာမည်ပေးထားပြီး Nex Dual Display ဖုန်းမှာလည်း မိတ်ဆက်ခဲ့ဖူးပါတယ်။ Lunar Ring ကင်မရာ module ထဲမှာတော့ Samsung GW1 sensor ပါ 64MP primary ကင်မရာ ၊ 13MP ultra-wide နဲ့13MP telephoto ကင်မရာ သုံးလုံး သုံးသွားပါတယ်။
Photo: theverge
ရှေ့ဘက်မှာ 16MP pop-up ကင်မရာ နဲ့လာပြီး LED soft light တပ်ဆင်ထားလို့နည်းနည်းကြီးမားတဲ့ pop-up module အဖြစ် မြင်ရမှာပါ။ Vivo NEX 3 ဖုန်းသစ်တွေကို အာရှပစိဖိတ် ၊ အရှေ့တောင်အာရှနဲ့တစ်ခြားဈေးကွက်တွေမှာ လာမယ့် လတွေမှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။
Vivo NEX 3 4G ဗားရှင်း RAM 8GB/128GB မော်ဒယ်ကို တရုတ်ယွမ် ၄၉၉၈ ( မြန်မာငွေ ၁၀ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ Vivo NEX 3 5G ( RAM 8GB/256GB storage) ကို ၅၆၉၈ ယွမ် ( မြန်မာငွေ ၁၂ သိန်းကျော်) နဲ့RAM 12GB/256GB storage ဗားရှင်းကို ၆၁၉၈ ယွမ် ( မြန်မာငွေ ၁၃ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့သိရပါတယ်။