In partnership with  logo
၀ါသနာကိုအသက်မွေး၀မ်းကြောင်းအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ လူငယ်လေးပါ။

ကိုဗစ်ကာလ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားချိန်မှာ အလှမွေးငါးတွေ မွေးရင်း ရေအောက် အပင်ကန်လေးတွေ စမ်းသပ် လုပ်ကြည့်ရာကနေ ဝါသနာကို ရှာတွေ့ခဲ့တာလို့ အပင်ကန်တွေကိုပြုစုရင်း ကိုဇွဲကပြောပါတယ်။

ရေအောက်အပင်ကန်တွေရဲ့အစ

သူ့အသက်(၂၀)ဝန်းကျင် တက္ကသိုလ်တတိယနှစ် တက်နေရင်း ကိုဗစ်ကြောင့် ကျောင်းတွေပိတ်သွားချိန်မှာ ဒီအလုပ်ကို စလုပ်ဖြစ်ခဲ့တာလို့ ကိုဇွဲကပြောပါတယ်။“ကျောင်းပိတ်ထားပြီး အိမ်မှာနေနေတဲ့အချိန် အလှမွေးငါးတွေ စမွေးရင်း အပင်ကန်တွေလုပ် ကြည့်တာ။ စလုပ်တုန်းကတော့ အင်တာနက်ကနေ လေ့လာပြီး ကိုယ့်အနီးနားမှာရှိတဲ့ ပစ္စည်းလေးတွေ နဲ့ပြန်လုပ်ကြည့်တာ။ အဲ့လိုလုပ်ရင်း ဒီအလုပ်ကို ဝါသနာ ပါလာပြီး ပိုလေ့လာဖြစ် ပိုလုပ်ဖြစ်လာတာ လို့”Aqua Garden ရဲ့အစကို ကိုဇွဲက ပြောပြပါတယ်။

ဝါသနာမှအသက်မွေးဝမ်းကြောင်း

ကိုဇွဲက သူရဲ့ဝါသနာကို အသက်မွေးဝမ်းကြောင်း အဖြစ် ပြောင်းလဲနိုင်ဖို့ နယ်ကနေ ရန်ကုန်ကို ပိုက်ဆံငါးသောင်းနဲ့ တက်လာခဲ့ပြီး AquaGardenကို စတင်ခဲ့ပါတယ်။“ကျွန်တော် နယ်မှာ ဖန်တီးတဲ့ ပထမဆုံး ကျွန်တော့်လက်ရာလေးကို နှစ်သိန်းခွဲနဲ့ ရောင်းရတော့ တော်တော် ပျော်သွားတယ်။ အဲ့လိုကနေ ဒီအလုပ်ကိုပဲ ဆက်လုပ်မယ်ဆို နယ်မှာက လိုတဲ့ပစ္စည်းတွေ အစုံ မရနိုင်တော့ ကျွန်တော် ဝါသနာပါတာကို လုပ်မယ်ဆိုပြီး ရန်ကုန် တက်လာတာ။ အဲ့တုန်းကပိုက်ဆံငါးသောင်းပဲပါတယ်။”လို့ ကိုဇွဲက သူ ရန်ကုန် ရောက်လာပုံ ကို ပြောပါတယ်။

ဝါသနာနဲ့လျှောက်တဲ့လမ်း

ဝါသနာနဲ့ လျှောက်တဲ့ လမ်းမို့ ခက်ခဲပေမယ့်လည်း ပင်ပန်းတယ်လို့ မခံစားခဲ့ရဘူးလို့ ကိုဇွဲက ပြောပါတယ်။ သူရဲ့ လူငယ်ဘဝကို ဒီအလုပ်မှာပဲ နှစ်မြှုပ်ပြီး လုပ်ကိုင်ခဲ့တဲ့အထိ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကျခဲ့တယ်လို့ ဆိုပါတယ်။ “ဒီအလုပ်က ဝါသနာပါလို့ စခဲ့တာ ဆိုပေမယ့် ကျွန်တော့်အတွက်တော့ ဝါသနာတစ်ခု ဆိုတာထက် ပိုတယ်။ ကျွန်တော့ဘဝကို အချိုးအကွေ့တစ်ခုလို ဖြစ်စေတဲ့ အလုပ်လို့ လည်းပြောလို့ရတယ်။ ကျွန်တော် ဖန်တီးတဲ့အပင်ကန်တွေ လုံးဝမရောင်းရတဲ့ အချိန် တွေလည်းရှိခဲ့တယ်။ ဒါပေမယ့် အဲ့အချိန်တွေကို စိတ်ဓာတ်မကျဘဲ တောင့်ခံခဲ့တယ်”လို့ကိုဇွဲက ပြောပါတယ်။

၅နှစ်အတွင်းဖန်တီးမှုလက်ရာထောင်ချီ

(၂၀၂၀) ကနေစခဲ့တဲ့ ကိုဇွဲရဲ့ အပင်ကန်ဖန်တီးမှု က ထောင်ချီခဲ့ပါပြီ။ အပင်ကန်တွေကိုခံစားချက်နဲ့ ပေါင်းစပ်ကာ သဘာဝနဲ့ အနီးစပ်ဆုံး ဖန်တီးတာမို့ လက်ရာတစ်ခုနဲ့ တစ်ခုက မတူကွဲပြားပြီး ဝယ်ယူစုဆောင်းသူတွေ အတွက် ပုံစံတူ မရှိနိုင်တဲ့ လက်ရာကို ခံစားရစေပါတယ်။ “ဒီအလုပ်က ကျွန်တော့်အတွက် အလုပ်ဆိုတာထက် ကိုယ်တိုင် မြတ်နိုးလို့ ဖန်တီးတာဆိုတော့ ကျွန်တော့ လက်ရာကိုထိန်းတယ်။ ကျွန်တော် ဖန်တီးမှုတိုင်းမှာ အဓိပ္ပါယ်လေးတွေနဲ့ ပိုင်ဆိုင်ရတဲ့သူအတွက် ကိုယ်ပိုင်ရေအောက်ကမ္ဘာလေး တစ်ခုလို ဖြစ်နေစေချင်တယ်”လို့ ကိုဇွဲကပြောပါတယ်။

ရနိုင်တဲ့ဖန်တီးမှုလက်ရာတွေ

AquaGarden မှာတော့ ရေအောက်အပင်ကန်၊ မိုးသစ်တောကန်နဲ့ ရေတံခွန်ကန်တွေ ရပြီး ငါးသောင်းကျပ် ကနေ သိန်း(၆၀) ၀န်းကျင် ထိရှိပါတယ်။ နေအိမ်၊ရုံးခန်း၊စားသောက်ဆိုင်တွေမှာ ထားဖို့အတွက် ကိုယ်နှစ်သက်တဲ့ အရွယ်အစား ပုံစံတို့ကိုလည်း အော်ဒါ အပ်လို့ရပါတယ်။ 


လိပ်စာက

ရေအောက် အပင်ကန်လေးတွေ ဖန်တီးချင်တဲ့ ၀ါသနာတူလူငယ် လေးတွေသွားရောက် လေ့လာနိုင်ဖို့ Aqua Garden ရဲ့ Showroom လိပ်စာကတော့ အမှတ်၃၃၆၊ မဟာဗန္ဓုလလမ်း၊ မရမ်းကုန်း မြို့နယ်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က