အက်ဖ်အေဖလားပြိုင်ပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ပြီး အာဆင်နယ်တို့ ထွက်ခွာခဲ့ရတဲ့နောက် ပွဲတင်ဆက်သူ ရွိုင်ကိန်းက အာဆင်နယ်ဟာ ရပ်ကွက်အသင်းခြေစွမ်းနဲ့ ကစားသွားတယ်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်ဟာ ထင်မှတ်မထားဘဲ အရေးနိမ့်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲကနေ စောစောစီးစီးပဲထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲမှာတော့ အာဆင်နယ်ကစားသမားတာဗာရက်စ်တယောက် တော်ာတော်လေးအမှားအယွင်းတွေများခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာပဲ တီယာနေးနဲ့ လူစားလဲလျယ်ခဲ့ရပြီး အာတီတာက အသင်းကိုပြင်ဆင်ခဲ့ရပါတယ်။ လူစားလဲခံရတဲ့အပေါ်မှာ တာဗာရက်ဇ်က မကျေနပ်တဲ့ အမူအယာတွေပြသခဲ့ပြီး သူ့ရဲ့ လက်အိတ်တွေကို ချွတ်ကာ ကွင်းထဲကနေ နှေးကွေးလေးလံစွာနဲ့ ထွက်ခွာခဲ့ပါတယ်။
ဒီအမူအယာနဲ့ပတ်သက်ပြီး ရွိုင်ကိန်းက ITV က တဆင့် ပြောဆိုခဲ့ရာမှာ "သူက ဘာတွေဖြစ်နေတာလဲ၊ ကွင်းထဲမှာ သူ ဘာဖြစ်နေလဲဆိုတာ သူသိသင့်တယ်၊ သူ လုပ်ခဲ့သမျှက အကုန်အမှားတွေချည်းပဲ" လို့ ဆိုဲ့ပါတယ်။ အဆာင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိအနိုင်ရခဲ့ပြီး ဒီပွဲကိုလည်း အလွယ်တကူအနိုင်ရမယ်လို့ ယူဆခဲ့ရပေမယ့် မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပါတယ်။
ရွိုင်ကိန်းက "ဒီပွဲက တကယ့်အမှိုက်ပဲ၊ နှစ်သင်းစလုံးကို ဝေဖန်ရမယ်၊ အာဆင်နယ်ရဲ့ အရည်အသွေးကိုလည်း ကြည့်ပါဥိး၊ သူတို့ဝတ်စားထားတာက ရီးရဲလ်မက်ဒရစ်လိုမျိုးပဲ၊ ဒါပေမယ့် ရပ်ကွက်အဆင့်ခြေစွမ်းမျိုးနဲ့ သူတို့ကစားသွားခဲ့တာပါ၊ တကယ်ဆိုးရွားစုတ်ပြတ်လွန်းပါတယ်၊ ဘောလုံးပေးတာတွေ၊ ဆုံးဖြတ်ချက်ချတာတွေက တကယ့်အမှိုက်သရိုက်တွေပါ" လို့ ပြင်းပြင်းထန်ထန်ပြောဆိုသွားခဲ့ပါတယ်။