ဝါရင့်ဟာသ သရုပ်ဆောင် ဦးဖိုးဖြူဟာ ယ နေ့ မတ် လ ၁၁ရက်နေ့ ည နေ ၆နာရီ၄၅မိနစ်ခန့်က ကိုဗစ်နောက်ဆက်တွဲ လက္ခဏာ ဖြစ်တဲ့ အဆုတ်ခဲရောဂါ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
OSC ဆေးရုံ မှာ ၁၆ရက်တာ ဆေးကုသ မှု ခံယူနေရင်း ယ နေ့ မတ်လ ၁၁ရက် နေ့မှာ တော့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
Photo - Phoe Phyu FB
"ကိုဗစ်နောက်ဆက် တွဲ ရောဂါ ဖြစ် တဲ့ အဆုတ်ခဲ တဲ့ ဝေ ဒနာ ကြောင့်ပဲဆုံးပါးသွားခဲ့တာပါ။ OSC ဆေးရုံ မှာ ပဲ ၁၆ရက် ဆေးကုသ ခံယူ ပြီး ဆုံးပါးသွားတာပါ။ စျာပနာ အခမ်းအနားကတော့ ဘယ်လိုလုပ်မလဲ ဆိုတာ ကျွန်တော်တို့ မ ပြောတတ်သေးပါဘူး။ အခြေအနေက ချက်ချင်းကြီးဖြစ်သွားတော့ မိသားစုဝင်တွေ အလုပ်ရှုပ်နေ ကြတာနဲ့ မစီစဉ်ရသေးပါဘူး" လို့ ဟာသ သရုပ်ဆောင် ဦးဖိုးဖြူ ရဲ့တူဖြစ်သူ ထက်အောင်ကျော်က Duwun မီဒီယာကို ဖြေကြားခဲ့ပါတယ်။
Photo Credit- Phoe Phyu FB
ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ် ကို တော့ ရေ ဝေးမှာပဲ သင်္ဂြိုလ် သွားမှာ ဖြစ်ပြီး နေ့ရက် ကိုတော့ အတိအကျ မသိ ရ သေးဘူးလို့ ဆိုပါတယ်။
၀ါရင့်ဟာသ သရုပ်ဆောင်ဦးဖိုးဖြူ ဟာ သရဲလေးကောင်ပြဇာတ်နဲ့ စတင်နာမည်ကြီးလာခဲ့တဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အရိုင်း၊ ကုသိုလ်၊ ကင်းကောင်နဲ့ ဖိုးဖြူတို့ဟာ သရဲလေးကောင်ပြဇာတ်အတူ ယှဥ်တွဲလူသိများသူများဖြစ်ပြီး အခုဆိုရင် ၃ ဦးကွယ်လွန်သွားပြီဖြစ်ပြီး ဦးအရိုင်းတစ်ဦးတည်းသာ သက်ရှိထင်ရှားကျန်ရှိနေပါတယ်။