ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်သူ အသက် ၈၄ နှစ်အရွယ် ဒေါ်သဲနုခိုင်ဟာ ဒီကနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် မနက် ၁ နာရီ မိနစ် ၅၀ ဝန်းကျင်ခန့်မှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ အနုပညာအသိုင်းအဝိုင်းထံက သိရပါတယ်။
“ နှလုံးရောဂါခံစားနေရတာကြာပြီ။ ပထမက အာရှတော်ဝင်ဆေးရုံမှာ ကုတယ်။ ပြီးတော့ သျှင်ပါကူဆေးရုံမှာ တက်တယ်။ အဲဒီကနေပြီးတော့ အိမ်မှာပဲ ဆက်ကုနေတာ ဒီနေ့မနက်မှာပဲ ရုတ်တရက်ကြီးဆုံးသွားတယ်” လို့ ဒေါ်သဲနုခိုင်ရဲ့သမီးဖြစ်သူက Duwun ကိုဖြေကြားခဲ့ပါတယ်။
မိသားစုနဲ့အတူတွေ့ရတဲ့ ဒေါ်သဲနုခိုင် (ဓာတ်ပုံ - ယွန်းယွန်း)
ကွယ်လွန်သူ ဒေါ် သဲနုခိုင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာလ ၂၉ ရက် ဒီကနေ့ ညနေ ၄ နာရီမှာ ရေဝေးသုဿန်မှာ မီးသဂြိုလ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ဒေါ်သဲနုခိုင်ဟာ အသက် ၂၇ နှစ်အရွယ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာတာဖြစ်ပြီး ကွယ်လွန်ချိန်အထိ အနုပညာသက်တမ်းနှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်ပါတယ်။
အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်မှာ အဖြူအမည်းရုပ်ရှင်ဇာတ်ကားများမှာကတည်းက ဒုတိယမင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူမအသက် ၅၂ နှစ် အရွယ်ရောက်ချိန်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ အမေခန်းအနေနဲ့ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
သရုပ်ဆောင်ယွန်းယွန်းရဲ့ အဘွားဖြစ်တဲ့ ဒေါ်သဲနုခိုင်ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ အနုပညာအသိုင်းအဝိုင်းကလည်း ဒေါ်သဲနုခိုင်ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့ကြပါတ