ပုသိမ်ကနေ အလုပ်ကိစ္စနဲ့လာကြတာပါ။

မအိမြတ်ဆွေဆိုတဲ့ အင်ဂျင်နီယာ အမျိုးသမီးနဲ့ သူရဲ့တပည့်နှစ်ယောက်က ပုသိမ်ကနေ ဝါးခယ်မကို အလုပ်ကိစ္စနဲ့ အလာမှာ လမ်းမှာ ကားဘီးပေါက်ပြီး ရေမြောင်းထဲထိုးကျရာကနေ ရေနစ်သေဆုံးခဲ့ကြတာပါ။

photo- မအူပင်သတင်းပုံရိပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှာ အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး ကားဘီးပေါက်ပြီး လမ်းဘေးရေမြောင်းထဲကို ထိုးကျကာ ကားပေါ်ပါလာတဲ့သူ (၃)ဦးစလုံးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလ(၄)ရက်နေ့ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့အင်ဂျင်နီယာသုံးဦးလုံးက အလုပ်ကိစ္စနဲ့ ပုသိမ်ကနေ ဝါးခယ်မကို အလာမှာ အခုလိုမတော်တဆဖြစ်ပွားခဲ့တာပါ။

“ ကားကရေမြောင်းထဲကို ပလက်လန်ပြီးကျသွားတာ။ ပါလာတဲ့ သူ(၃)ဦးစလုံးက ရေနစ်ပြီးသေသွားတာ။ တံတားတည်ဆောက်ရေးစီမံကိန်းအတွက် လာကြတာ။ အသက်(၄၀)ဝန်းကျင် မအိမြတ်ဆွေဆိုတဲ့ အင်ဂျင်နီယာတစ်ဦးနဲ့ သူ့ရဲ့တပည့်နှစ်ဦး အားလုံးသေသွားတာ” လို့ မော်လမြိုင်ကျွန်းမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ကျော်ကDuwun ကိုပြောပါတယ်။

photo- မအူပင်သတင်းပုံရိပ်

အဆိုပါမတော်တဆမှုဟာ ဝါးခယ်မမြို့နယ် ကျွန်းပြဿဒ်ကားလမ်း တဝါတံတားအနီးမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ သူ(၃)ဦးစလုံးက အင်ဂျင်နီယာတွေဖြစ်ပြီး အမျိုးသား(၂)ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။ သေဆုံးသူတွေက ပုသိမ်ကနေပြီး မအူပင်ကို တံတားတည်ဆောက်ရေးစီမံကိန်းအတွက် လာရောက်သော အင်ဂျင်နီယာတွေဖြစ်တယ်လို့ ဦးကျော်ကျော်ကပြောပါတယ်။ 

Share

Loading Next Article...
က္က