We Love Dauk Zaw Group Admin များကို စုံစမ်းနေဆဲဖြစ်လို့ ခုချိန်မှာ အတည်ပြုပြောလို့မရသေးပေမယ့် အမှုဖွင့်ထားတာတော့ ဟုတ်တယ်ဆိုပြီး မန္တလေး အမှတ်(၁၁)ရဲစခန်းမှ အတည်ပြုပြောကြားခဲ့ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်မှာပုံတွေနဲ့သရော်စာတွေကိုရေးပြီး တင်နေတဲ့ We Love Dauk Zaw Group Admin များကိုအမှု
ဖွင့် အရေးယူထားတယ်လို့ မန္တလေး အမှတ်(၁၁)ရဲစခန်းမှသိရပါတယ်။
“အမှုဖွင့်ထားတာတော့ဟုတ်တယ်၊ ဒါပေမယ့် ခုချိန်မှာကျွန်တော်တို့လည်းဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းပြီး အတည်ပြုဖို့ဆောင်ရွက်နေတယ်။ ဒါကြောင့်ဘယ်သူဘယ်ဝါဆိုတာ
ပြောလို့တော့မရသေးဘူး” လို့ မန္တလေး အမှတ်(၁၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwunကိုပြောပါတယ်။
အမှုဖွင့်တဲ့သူကိုမေးမြန်းခဲ့တဲ့အခါမှာတော့ အဆိုပါတာဝန်ရှိသူအနေနဲ့ဖြေကြားခြင်းမရှိခဲ့ပါဘူး။
photo- Ar Kar Hein
We Love Dauk ZawGroup မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ပုံတွေနဲ့ “ပါးချခံရမယ်”၊ “အဖြေမလိုဘူးညီမလေးကိုယ်ချစ်တယ်”၊ “အမေအင်းစိန်ထောင်ချဲ့တော့မယ်သားဆီကလူတွေခဏထားလို့ရမလားဟင်” စတဲ့နောက်ပြောင်ကျီစယ်စာတွေကိုရေးပြီးတင်နေတာလည်းဖြစ်ပါတယ်။ We Love Dauk Zaw Group ကိုတော့စက်တင်ဘာလ(၁၃)ရက်နေ့က စတင်တည်ထောင်ခဲ့ဖြစ်ပြီး member ထောင် ကျော်ရှိနေတဲ့ Group
တစ်ခုဖြစ်ကာ အခုတော့ Facebook စာမျက်နှာမှာ Group ရှာလို့မတွေ့တော့ပါဘူး။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုလည်းအခုလိုပဲ ဓာတ်ပုံတွေနဲ့ သရော်စာတွေတင်နေတဲ့ We Love Kwee Phyo Group ကလူတွေကိုတရားစွဲမယ်ဆိုပြီး လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့ စာက အတုဖြစ်ကြောင်းကိုလည်းပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာကထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။