ချစ်သုဝေဟာ We Love လေးတွေရဲ့ လုပ်ရပ်ကြောင့် မျက်ရည်ဝဲမတက် ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကို ချစ်ကြတဲ့အတွက် အကျိုးရှိတဲ့အလုပ်တွေပဲ လုပ်စေချင်တယ်လို့ ပြောခဲ့ပါသေးတယ်။
Photo: Chit Thu Wai
ချစ်သုဝေကတော့ ချစ်ဖို့ကောင်းတဲ့ We Love လေးတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ We Love လေးတွေဟာ Clean up challenge မှာ ပါဝင်ခဲ့တာကြောင့်လည်း မျက်ရည်ဝဲမတတ် ကြည်နူးခဲ့ရပါတယ်တဲ့။
‘’ကြွားပါရစေနော်!!!we love Chit Thu Wai အဖွဲ့လေးက GG လေးတွေဟာ ဘယ်လိုတွေ ချစ်ဖို့ကောင်းပြီး ကိုယ့်ကို ဂုဏ်ယူစေလဲဆိုတာ သူတို့လေးတွေ 1st May က clean up challengeမှာ ပါဝင်ခဲ့ကြတယ်။
ချီးပေတလူးပုံလေးတွေပို့တော့ ကိုယ့်မှာ ကျေနပ်လွန်းလို့မျက်ရည်ဝဲရတဲ့အထိ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ GGလေးတွေရထားတာလည်း ကံကောင်းခြင်းတစ်မျိုးပဲ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က ရေးသားထားတာ တွေ့ရပါတယ်။
Photo: Chit Thu Wai
အဲဒီနောက် ချစ်သုဝေက We Love လေးတွေရဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း သူ့ရဲ့ စာနဲ့တကွ တင်ထားတာကို တွေ့ရပါတယ်။ သူမကို ချစ်တဲ့ အမာခံ ပရိသတ်လေးတွေကို အကျိုးရှိတာလေးတွေပဲ လုပ်စေချင်တယ်လို့ သူကဆိုပါတယ်။
‘’(အစ်မပွဲတွေလာဖို့သာ လူမစုကြပေမယ့် ခုလို အကျိုးရှိတဲ့အရာတွေမှာ တက်ကြွစည်းလုံးကြတာတွေ့ရတော့ ပိုပျော်ရတယ်။ ကိုယ့်ကိုချစ်တဲ့အချစ်တွေကြောင့် သူတို့လေးတွေ အဓိပ္ပါယ်ရှိအကျိုးရှိတာတွေနဲ့ပဲ အချိန်ကုန်စေချင်တယ်)’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Chit Thu Wai
ချစ်သုဝေက လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက်၊ သမီး နှစ်ယောက်အပေါ်မှာ အရမ်းကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ဦးဆောင်နေတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းကနေ အောင်အောင်မြင်မြင် ဆေးကုသပေးနိုင်ခဲ့တဲ့ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်လည်း သူမက ပီတိတွေဖြစ်လို့နေပါတယ်။
Photo: Chit Thu Wai
ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။