ဒီနေ့ကတော့ နေတိုးရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒီနေ့ကတော့ သရုပ်ဆောင် အကယ်ဒမီနေတိုးရဲ့  အသက် ၃၇ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကို ပြင်ဦးလွင်မှာရှိတဲ့ ရိုက်ကွင်းပေါ် မှာပဲ သူ့ရဲ့ We Love Nay Toe အဖွဲ့သားတွေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။



Photo: We Love Nay Toe Group

 

စက်တင်ဘာလ ၉ ရက်နေ့ဟာ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်လည်းဖြစ်၊ ပြည့်သူ့အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကို ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ရင်း ဖြတ်သန်းနေတာဖြစ်ပြီး သူ့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ပြင်ဦးလွင်မှာရှိတဲ့ ရိုက်ကွင်းအထိ သွားပြီး Birthday Surprise တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

'' We Love Nay Toe အဖွဲ့မှ ပရိသတ်များက ချစ်သော သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် နေတိုးအတွက် အသက် ၃၇နှစ်ပြည့် မွေးနေ့ပွဲလေးကို ပြင်ဦးလွင်မှာ ည ၁၂နာရီ မထိုးခင် လာရောက်ပြီး Birthday Surprise အနေနဲ့ မွေးနေ့ကိတ် ၊ လက်ဆောင် များ၊ အစ်ကို့ မွေးနေ့အတွက် သီးသန့်စပ်ထားတဲ့ တေးသီချင်းနဲ့ သီဆိုကာ မွေးနေ့ပွဲလေးကို ချစ်သောပရိသတ်များနဲ့ အတူတူ ဖြတ်သန်းခဲ့ပါတယ်'' ဆိုပြီးတော့ We Love Nay Toe အဖွဲ့ကနေပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့ည ၀၀း၀၁ မိနစ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: We Love Nay Toe Group

 

၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက် ရောက်ခဲ့ပြီး ဂီတအပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

Photo: We Love Nay Toe Group

နေတိုး သဘောကျအောင် အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ ကာရာဗီ 

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

Photo: We Love Nay Toe Group

 

အဲ့ဒီနောက် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို  မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီ စတူဒီယို ဖွင့်ဖို့အတွက်လည်း ၃ နှစ်ကျော်လောက် အချိန် ယူခဲ့ရတယ်လို့ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က