ပရိသတ်မုန်းအောင် သရုပ်ဆောင်ထားရတာပါတဲ့။

‘’ပိုက်ဆံ’’ဇာတ်ကားထဲက ကာရိုက်တာကိုတော့ ပရိသတ်တွေ မုန်းမှာပဲလို့ မို့မို့မြင့်အောင်က ပြောပါတယ်။ ဒီဇာတ်ကားကိုလည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူကြည့်ခဲ့ကြတာပါတဲ့။

Photo: Moht Moht Myint Aung



မို့မို့မြင့်အောင်ဟာ သူချစ်ရတဲ့ အမာခံပရိသတ်လေးတွေနဲ့ အတူတူ ‘’ပိုက်ဆံ’’ ဆိုတဲ့ဇာတ်ကားကို ပျော်ပျော်ပါးပါး ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ ရုံတင်ခွင့် မရခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

‘’မနေ့ကWE LOVE သဲသဲတုံကလေးတွေနဲ့အိမ်မှာ ‘’ပိုက်ဆံ’’အတူတူကြည့်ရင်းပျော်စရာအမှတ်တရလေးပါ။ မနေ့ကနာမည်လေးတွေမခေါ်ပေးဖြစ်တာခွင့်လွှတ်ပါ။စာတက်တာအရမ်းမြန်တော့လိုက်ဖတ်ဖို့မမီဘူးဖြစ်သွားတယ်။တောင်းပန်ပါတယ်နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Moht Moht Myint Aung

‘’ပိုက်ဆံ’’ရုပ်ရှင်ဇာတ်ကားကြီးကတော့ Sky Net ရဲ့ Pay Par View အစီအစဉ်ကနေ ပြသနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မို့မို့မြင့်အောင်ရဲ့ ကာရိုက်တာက မိန်းမကြမ်းကဲ့သို့သော အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ မိသားစုထက် ငွေကို ပိုပြီး မက်မောတဲ့ အမျိုးသမီးတစ်ယောက်၊ ပရိတ်သတ်တွေ အရမ်းမုန်းစေမယ့် ကာရိုက်တာကို သရုပ်ဆောင်ထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က