ကိုလူချောအဖွဲ့ဝင်တွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 ဒီနေ့(စက်တင်ဘာ၉ရက်)က ပြည်သူအချစ်တော် သရုပ်ဆောင် နေတိုးရဲ့ အသက်(၃၈)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့ရောက်တိုင်း We Love တွေနဲ့အတူ ဖြတ်သန်းဖြစ်တာ (၈)နှစ်မြောက် ရှိခဲ့ပြီလို့ နေတိုးက ဆိုပါတယ်။

 

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော နေတိုးက မွေးနေ့မှာ We Love တွေနဲ့အတူတူ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ မွေးနေ့မှာ အနုပညာလောကထဲမှာ အတူတူ ဖြတ်သန်းလာခဲ့တဲ့ လူကြမ်းတွေအတွက် လူကြမ်းတွေအတွက် လိုအပ်တာတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ နေတိုးက We Love တွေနဲ့အတူ ကိုလူချောအဖွဲ့ဝင်လူ(၈၀)အတွက် ဆန်၊ဆီများနဲ့အတူ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းခဲ့သလို ငွေကျပ်သိန်း(၂၀)ကိုလည်း နေတိုးက ထပ်မံ လှူဒါန်းခဲ့ပါသေးတယ်။

မွေးနေ့တိုင်းကို အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တဲ့ နေတိုးက ကိုလူချောအဖွဲ့တွေကို တစ်ခါမှ မလှူဖူးတာကြောင့် ပရိသတ်တွေနဲ့ တိုင်ပင်ကာ ယခုလို လှူဒါန်းဖို့ စီစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကို လှူဖို့ အတူတူတိုင်ပင်ပြီး လှူဒါန်းခဲ့တာပါ။ ပင်ပင်ပန်းပန်းနဲ့ ရုပ်ရှင်လောကမှာ အလုပ်လုပ်ရတဲ့ ကိုလူချော အဖွဲ့က တကယ်လည်း ချို့ချို့တဲ့တဲ့ ဖြစ်တယ်ဆိုတော့ ပရိသတ်တွေကလည်း ကိုလူချောအဖွဲ့ကို ချစ်ကြတယ်ပြီးတော့ တစ်ခါမှလည်း ကိုလူချောအဖွဲ့တွေကို မလှူဖူးဘူးဆိုတော့ ပရိသတ်တွေ လာပြောတဲ့ အချိန်မှာ လှူဖို့ ခွင့်ပြုလိုက်တာပါ” လို့ နေတိုးက ဆိုပါတယ်။

ဒီနေ့မှာ အသက်(၃၈)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နေတိုးက အသက်တစ်နှစ်ကြီးလာတိုင်း ခံစားရတဲ့ ခံစားချက်နဲ့ သူဘယ်လို ပြုမှုနေထိုင်ဖို့အတွက် ကြိုးစားနေလဲဆိုတာကို ပြောပြခဲ့ပါသေးတယ်။

“ဘဝဆိုတာ ရှေ့ပဲ ဆက်သွားနေရတာပေ့ါ။ ပစ္စုပန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရုန်းကန်နေရတုန်းပေ့ါ။ ပုံမှန်အားဖြင့် အသက်တစ်နှစ်ကြီးတယ်မကြီးဘူးဆိုတာထက်စာရင် ကိုယ်ဖြတ်သန်းတဲ့ အချိန်အခါမှာ ကိုယ်နဲ့ထိတွေ့နေတဲ့ ကိုယ့်ကို ချစ်တဲ့သူတွေ ကိုယ့်နားမှာ ရှိတဲ့ ကိုယ်ပတ်ဝန်းကျင်ကလူတွေရဲ့ အကျိုးကို လည်း ကြည့်ရမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဒီထက်မက အောင်မြင်အောင် ကြိုးစားသွားရမှာပေ့ါ” လို့ ပြောပါတယ်။

နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က