Myanmar Idol က ထွက်ကတည်းက သူတို့နဲ့ မတွေ့ဖြစ်ဘူး။

နေလင်းကျော်ကတော့ သူ့ကိုချစ်တဲ့ အမာခံပရိသတ်တွေနဲ့ အတူ စတုဒီသာအလှူလေး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ Idol က ထွက်သွားပေမယ့်လည်း အားပေးတဲ့ ပရိသတ်တွေရှိသေးလို့ အရမ်းပျော်တယ်လို့ ဆိုပါတယ်။

Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲဝင်ခဲ့တဲ့ နေလင်းကျော်ဟာ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီနေ့(ဒီဇင်ဘာ ၇ရက်) မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့ အတူ စတုဒီသာ အလှူလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီ အလှူလေးလုပ်ဖြစ်တဲ့အကြောင်းကိုလည်း နေလင်းကျော်က Duwun Media ကနေ အခုလို ပြောပြခဲ့ပါတယ်။



“ စတုဒီသာမလုပ်ခင်က Fan Meeting လေး လုပ်မလို့ အဆင်မပြေဖြစ်တဲ့အတွက် အားလုံးလည်း ပါဝင်လို့ရမယ့် စတုဒီသာအလှူလေး လုပ်လိုက်တာပါ။ ပြီးတော့ ကျွန်တော့်ကို အားပေးတဲ့ Fan တွေ အကုန်လုံးလည်း လာကြတယ်။ ဒီနေ့မှာလည်း သူတို့ရဲ့ အလှူလေးလည်းပါသလို သူတို့နဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ သူကဆိုပါတယ်။

နေလင်းကျော်ရဲ့ စတုဒီသာအလှူမှာတော့ We Love ပရိသတ် အယောက် ၅၀ ခန့်လာရောက်ခဲ့တယ်လို့ သူကဆိုပါတယ်။ Myanmar Idol ကနေ ထွက်လာပြီးကတည်းက ပရိသတ်တွေနဲ့ မဆုံဖြစ်တော့တာပါလို့ ပြောပါတယ်။

“ ကျွန်တော် Idol ကနေ ထွက်လာတာ ၃ ပတ်လောက်ရှိပါပြီ။ တကယ်တမ်း Fan တွေနဲ့ မတွေ့တာလည်း ၃ ပတ်လောက်ရှိပါပြီ။ အဲဒီအတွက် သူတို့နဲ့ အရမ်းတွေ့ချင်တယ်။ ဒီနေ့ အလှူလေးမှာလည်း ကြာဇံကြော်နဲ့ အအေးနဲ့ ကျွေးဖြစ်တယ်။ ကျွန်တော် ချစ်ရတဲ့ သူတွေနဲ့ ကုသိုလ်အတူတူယူခွင့်ရတဲ့အတွက်လည်း အရမ်းကိုပျော်တယ်။ ကျေလည်း ကျေနပ်ပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Myanmar Idol

နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းဆိုပြိုင်ပွဲမှာတော့ Top-10 အထိ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ Top-10 ( 3rd Week )Result Show မှာတော့ သူဟာ နှုတ်ဆက်ထွက်ခွာခဲ့ရသူ တစ်ယောက်ပါ။ နေလင်းကျော်ရဲ့ Voting နံပါတ်ကတော့ 77709 ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က