ထားထက်ထက်ကတော့ We Love Yangon အဖွဲ့နဲ့ အတူပူးပေါင်းပြီး ပရိသတ်တွေ မှာယူတဲ့ စားနပ်ရိက္ခာတွေကို ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ထားထက်ထက်ကတော့ We Love Yangon အဖွဲ့နဲ့ အတူ စားနပ်ရိက္ခာဝယ်သူတွေအတွက် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးရနေတယ်လို့ သိရပါတယ်။ ဒီလို ပရဟိတအလုပ်လေးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီအလုပ်လေးက အမြတ်မယူပဲ အိမ်မှာနေတဲ့လူတွေ ကုန်ခြောက်တွေ ဝယ်လို့လွယ်အောင် ထားထက်ထက်က ဒီမှာ Delivery လုပ်ပေးတယ်။ Delivery Free အနေနဲ့ ကိုယ့်ကားနဲ့ ကိုယ်တိုင် မောင်းပြီးတော့ လုပ်ပေးတာပါ။ ဒီမှာက Online ကနေ Package လေးတွေနဲ့ ၁၆၀၀၀၊ ၁၂၀၀၀၊ ၁၀၀၀၀ ဆိုပြီး ရောင်းတာဆိုတော့ We Love Yangon ဆိုတဲ့ Page လေးကနေ ကိုယ်လိုချင်တာတွေကို မှာလိုက်ရုံပါပဲ။ အခုက ကိုယ့်ကိုယ်လည်း စောင့်ရှောက်၊ တခြားသူတွေအတွက်လည်း အကျိုးဆောင် ပေးနေရတဲ့အချိန်မှာ ပျော်တယ်”လို့ ဆိုပါတယ်။
We Love Yangon မှာတော့ ဆန်(၆)ပြည်တစ်အိတ်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးသေတ္တာဗူးတွေကို ဖုန်းဆက်ပြီး မှာယူနိုင်တယ်လို့ သိရပါတယ်။ ပို့ဆောင်ခလည်း မပေးရသလို ဝယ်သူတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက အလှူလုပ်နေရသလို ခံစားရမှာပါလို့ ထားထက်ထက်က ပြောပါတယ်။ ဒီ ပရဟိတအလုပ်မှာတော့ ထားထက်ထက် အပြင် နောက်ထပ် အနုပညာရှင်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကျော် Sinon လည်း ပါဝင်လာတာကို တွေ့ရပါတယ်။
ထားထက်ထက်ဟာ ဝယ်သူတွေ မှာယူတဲ့ စားနပ်ရိက္ခာတွေကို ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။ မိသားစုအမျိုးမျိုးနဲ့ တွေ့ရတာဖြစ်သလို ပရဟိတအလုပ်အပေါ် မထီမဲ့မြင်ပြုကြတာတွေလည်း ရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။
" ဒီမှာလုပ်ပေးနေတဲ့ Volunteer ပိုက်ဆံ တစ်ပြားမှ ရကြတာ မဟုတ်ပါဘူး။ တချို့ဆို သူတို့ လှမ်းမှာတယ်၊ ကိုယ်တွေ့က သွားပို့ပေးတဲ့ အချိန်ကျမှ တကယ် အလုပ်လုပ်လား၊ မလုပ်လား သိချင်လို့ မှာကြည့်တာပေါ့နော်။ တကယ်မလိုချင်ဘူး ဆိုပြီးပြောတာရှိတော့ အားတက်သရော လုပ်ရတဲ့သူတွေက အခက်အခဲတွေ၊ ဒုက္ခတွေ ဖြစ်စေတယ်။ ကိုယ်က မကူညီချင်နေ၊ ဒုက္ခ မပေးတာတော့ အကောင်းဆုံးပါပဲ။ တကယ်လိုတဲ့သူတွေက ဖုန်းဆက်ပြီး မှာပေးကြပါလို့ ထားထက်က မေတ္တာရပ်ခံချင်ပါတယ်" ဆိုပြီးတော့ မတ်လ ၂ ရက်နေ့က We Love Yangon အဖွဲ့မှာ ပါဝင်ဆောင်ရွက်နေရင်း အခုလို ပြောပြခဲ့ပါတယ်။
ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ် ဆောင်တွေနဲ့ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမ တက်ကျွမ်းတဲ့ အားကစားတစ်ခုဖြစ်တဲ့ ကျွမ်းဘားကိုလည်း သင်တန်းပို့ချနေတာကို တွေ့ရပါတယ်။