တရုတ်ကပြန်လာတဲ့ အမျိုးသားလည်းဖြစ်ပါတယ်။

ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတဲ့ တရုတ်ကပြန်လာတဲ့ အမေရိကန်အမျိုးသားရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ အဆိုပါအမျိုးသားမှာ ကိုရိုနာဗိုင်းရပ်ပိုးရောဂါမတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါအမျိုးသားဟာ တရုတ်မှာ (၃)လကြာနေထိုင်ခဲ့ပြီး တရုတ်ကနေတစ်ဆင့် မလေးရှားနိုင်ငံကိုသွားရောက်ခဲ့ကာ မလေးရှားကတစ်ဆင့် ရန်ကုန်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညနေပိုင်းကစလို့ အန်ခြင်း၊ ဝမ်းသွားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်အပူရှိန်အနည်းငယ်မြင့်တက်ခြင်း စတဲ့ လက္ခဏာတွေခံစားရပြီး ရန်ကုန်ဆေးရုံကြီးကို (၂၆)ရက်နေ့ ညနေပိုင်းက သွားရောက်ပြသခဲ့တာဖြစ်ပြီး ဆေးရုံကြီးကနေတစ်ဆင့် ဝေဘာဂီဆေးရုံကိုပို့ဆောင်ကာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတာဖြစ်ပါတယ်။ 

အဆိုပါအမေရိကန်အမျိုးသားလိုပဲ မူဆယ်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိထားတဲ့ အသက်(၂၃)နှစ်အရွယ်အမျိုးသားမှာလည်း ရောဂါပိုးမတွေ့ရှိရပါဘူးလို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ(၂၇)နေ့ ည(၈)နာရီအထိ စောင့်ကြည့်ကုသပေးတဲ့ လူနာများမရှိကြောင်းနဲ့ ဓာတ်ခွဲအတည်ပြုလူနာများမတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

Share

Loading Next Article...
က္က