ဒီနေ့မှာပဲဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အဆိုပါတရုတ်အမျိုးသားနဲ့အတူ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးမှာလည်း ကျန်းမာရေးကောင်းမွန်တာကြောင့် တရုတ်နိုင်ငံသားအတူ ဆေးရုံကဆင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ 

ဇန်နဝါရီလ(၃၁)ရက်နေ့ မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်လာတဲ့ တရုတ်နိုင်ငံက လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ် သံသယနဲ့ ဝေဘာဂီဆေးရုံ သီးသန့်ခန်းမှာထားပြီး စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါတရုတ်အမျိုးသားမှာ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိကို သူ့ရဲ့ နှာခေါင်းဖတ်တို့ကို နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ ရောဂါပိုးမတွေ့ရှိရအပြင် ကျန်းမာရေးလည်းကောင်းမွန်နေပြီဖြစ်လို့ ဆေးရုံကဆင်းခွင့်ပေးလိုက်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ဖေဖော်ဝါရီလ(၃)ရက်နေ့ က ထုတ်ပြန်ကြောညာခဲ့ပါတယ်။ 



တရုတ်အမျိုးသားနဲ့အတူ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနှင်းလာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း စောင့်ကြည့် လူနာအဖြစ် ဝေဘာဂီဆေးရုံမှာပဲ ထားရှိထားတာပဲဖြစ်ပါတယ်။ အဆိုပါ မြန်မာအမျိုးနှစ်ဦးကလည်း စောင့်ကြည့်ကာလအတွင်းမှာ ဖျားနာတာလုံးဝမရှိတာကြောင့် တရုတ်အမျိုးသားအတူ ဆေးရုံကဆင်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ယခုထိန်းသိမ်း စောင့်ကြည့်ခံခဲ့ရတဲ့ တရုတ်အမျိုးသားဟာ ဇန်နဝါရီလ(၃၁)ရက်နေ့က မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်လာတဲ့ တရုတ်လေယာဉ်ပေါ်မှာ နှာချေး၊ ချောင်းဆိုးတဲ့ လက္ခဏာတွေကိုတွေ့ရှိတာကြောင့် စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီဆေးရုံမှာ (၁၄)ရက်ကြာထိန်းသိမ်းစောင့်ကြည့်သွားမယ်လို့ ကနဦးသတင်းတွေအရသိရပေမယ့် လက်ရှိမှာ ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာလုံးဝမရှိတာကြောင့် တာဝန်ရှိသူတွေကဆေးရုံကဆင်းခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က